စတားလုံးရဲ့စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူဆောင်သွားခွင့် မပေးခဲ့တဲ့ အဒဲလ်

Celebrity International News
စတားလုံးရဲ့စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူဆောင်သွားခွင့် မပေးခဲ့တဲ့ အဒဲလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စတားလုံးရဲ့စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူဆောင်သွားခွင့် မပေးခဲ့တဲ့ အဒဲလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စတားလုံးရဲ့စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူဆောင်သွားခွင့် မပေးခဲ့တဲ့ အဒဲလ်

လော့စ်အိန်ဂျလိစ်မြို့က ဒေါ်လာ ၅၈ သန်းတန် စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူမသွားဖို့ ဗြိတိန်အဆိုတော် အဒဲလ်က ကန့်ကွက်ခဲ့ကြောင်း စတားလုံးက ပြောခဲ့ပါတယ်။ Rocky မင်းသား စတားလုံးဟာ စတုရန်းပေ ၂၁၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါတဲ့ သူ့ရဲ့စံအိမ်ကို ဒေါ်လာ သန်း ၁၁၀ ဈေးခေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေါ်လာ သန်း ၈၀ အထိ ဈေးလျှော့ပေးခဲ့ပြီး ဒေါ်လာ ၅၈ သန်းနဲ့ အရောင်းအဝယ် တည့်ခဲ့တာပါ။

Rocky လက်ဝှေ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ စတားလုံးဟာ သူ့စံအိမ်ရဲ့ ရေကူးကန်မှာ Rocky ကြေးရုပ်ကြီး ထုဆစ်ထားခဲ့တာပါ။ ” ကျွန်တော်က ရုပ်တုကို ယူသွားချင်ပါတယ်။ ဒါပေမဲ့ Rocky ကြေးရုပ်ကို ဖြုတ်ယူသွားရင် အရောင်းအဝယ်ပျက်ပြီလို့ အဒဲလ်က ပြောခဲ့လို့ မယူဖြစ်ခဲ့တာပါ” လို့ စတားလုံးက ဆိုပါတယ်။

သူ့စံအိမ်ကို ဝယ်ယူခဲ့ပြီးနောက် အဒဲလ်က ပြင်ဆင်မွမ်းမံမှုတွေ လုပ်ခဲ့ပြီး လက်ရှိပြင်ဆင်ထားတဲ့ပုံစံကို သဘောကျနှစ်သက်မိတယ်လို့ စတားလုံးက ပြောခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။