ကျောက်ကပ်ကြောင့် ဖောနေသူများနှင့်အသည်းရောင်အသားဝါ သမားများအတွက် လသာပင် (သို့) တောင်ကန်စွန်းပင်

Health Knowledge
ကျောက်ကပ်ကြောင့် ဖောနေသူများနှင့်အသည်းရောင်အသားဝါ သမားများအတွက် လသာပင် (သို့) တောင်ကန်စွန်းပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်ကြောင့် ဖောနေသူများနှင့်အသည်းရောင်အသားဝါ သမားများအတွက် လသာပင် (သို့) တောင်ကန်စွန်းပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ကြောင့် ဖောနေသူများနှင့်အသည်းရောင်အသားဝါ သမားများအတွက် လသာပင် (သို့) တောင်ကန်စွန်းပင်

” ကျောက်ကပ်ဖေါရောင် ဆီးကကြောင် လသာမောင်ကို ခေါ်ကာကုကွယ့်” ဟု သံနေသံထားဖြင့် ကွမ်းသံကြီးဖြင့် ရွတ်ပြဖူးသော ဆေးဆရာကြီး ဘိုးတော်သိန်းကို သတိရမိသည်။

လူငယ်သ ဘာဝ လက်တွေ့စမ်းလို့၍ လသာပင်နှင့် ကျောက်ကပ် ဝေဒနာရှင်အား ဆရာကြီးအကြိမ်ကြိမ် ဝင်လုပ်ဖူးပါသည်။ ဝန်ထမ်းဘဝ သင်တန်းတက်ရာ နယ်အရပ်ရပ်မှ သူငယ်ချင်းများ ဆုံကြပါသည်။ကျောက်ကပ်ရောင်သူ ကျော်ဝင်းနိုင် ဆိုသောသူ ပါလာသည်။ ကျောက်ကပ်ကြောင့် ဖောရောင်သည်က ကြောက်မက်ဖွယ် တစ်ကိုယ်လုံး ရောင်ရမ်းခြင်း ခြေလက်မျက်နှာ နှစ်ဆနီးနီး ဖြစ်လာသည်အထိပင်။

အသားကိုနှိပ်ကြည့်က ပျော့ကာ အိခနဲ တွန်းကန်အားမရှိ နစ်ဝင်သည်။ထိုသူက သင်တန်းလည်း မပျက်လို၍ ဘိုးတော်သိန်း ပြောသောနည်းဖြင့် လသာပင်အရွက်များ ခူးကာ ရေစင်အောင်ဆေးပြီး အရည်ညှစ်ပြီး အကြမ်းပန်ကန်းလုံး တစ်လုံး နံနက်၊ ည တိုက်၏။ အပွင့်သည် အော်လံပုံရှိပြီး ခရမ်းရင့်ရောင်နှင့် ခရမ်းနု နှစ်မျိုးရှိပါသည်။ နှစ်ရက်မြောက်နေ့တွင် ဆီးတွင် နောက်ကျိစွာ အဖတ်များပါလာပြီး တစ်ပတ်အတွင်း အဖောကျသွားခြင်း လက်တွေ့ကြုံဖူး၏။

ထိုသင်တန်းဆင်းသည့်တိုင် ကျော်ဝင်းနိုင် အမည်ပျောက် ကျောက်ကပ်ကြီးဆိုသော အမည်ဖြင့် လူသိရှင်ကြား သင်တန်းပြီးဆုံးစွာ တက်နိုင်ခဲ့လေသည်။ အံ့ဖွယ်လသာပင်၏ အစွမ်းပါလား။ကျောက်ကပ်နှင့်ဆီးအတွက် နေ့စဉ် ဟင်းချိုချက်သောက်ပေးပါက အလွန်ကောင်းသည် ဆိုသည်။အချို့ အိမ်များတွင် စိုက်ထားကြသည်။ အရွက်နု ညှစ်ရည်ကို သောက်ခြင်း၊ ဟင်းချို ချက်သောက်ခြင်း၊ အသုပ်လုပ်စားခြင်း၊ ငါးနှင့်ရော၍ ချက်ပြီးစားခြင်း၊ အတို့အမြှုပ် လုပ်ကာ မိမိရောဂါပေါ် မူတည်ပြီး ဉာဏ်ဖြင့်ယှဉ်ကာ စားသုံးမှီဝဲပါက အောက်ပါရောဂါများ သက်သာပျောက်ကင်း စေပါသည်။

အစေးဖြူထွက်ပြီး ဝမ်းကိုသက်တတ်ပါသည်။ငှက်ဖျားကြောင့် အသည်းရောင် အသားဝါဖြစ်ခြင်း၊ အသည်းရာင်အသားဝါ၊ ကျောက်ကပ်ရောင်ခြင်းကြောင့် ဖြစ်သောကိုယ်ဖောခြင်း ပျောက်ကင်းစေပါသည်။တောင်ကန်စွန်း(သို့) လသာရွက် အညွန့်လေးများကို ရေစင်စင်ဆေးပြီး ပြုတ်ရည်ကို များများသောက်ပါ။ နူးအောင်ပြုတ်ပြီး သုပ်စားပါ။

အသည်းနှင့် သရက်ရွက်ရောင်ခြင်းကြောင့် မျက်လုံးများ ဝါသူသည် ပထမတွင် ဝမ်းတွင်းရှိ အညစ်အကြေး အမည်းပုပ်များ အရင် ဝမ်းသက်၍ ဆင်းမည်။ အမည်းအပုပ်များ ဆင်းပြီး မကြာမီ ဝမ်းအရောင် မူလအတိုင်း ဖြစ်လာမည်။ ထိုအခါ မျက်လုံးများ အဝါရောင် ပျောက်သွားပါလိမ့်မည်။လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ။

ရေးသားသူ – ရဲမျိုးသူ(ဗောဓိမြိုင်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။