စက်တပ်ယာဉ်မသုံးဘဲ နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းပြီး ခရီးနှင်ခဲ့သူ

International News
စက်တပ်ယာဉ်မသုံးဘဲ နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းပြီး ခရီးနှင်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်တပ်ယာဉ်မသုံးဘဲ နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းပြီး ခရီးနှင်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်တပ်ယာဉ်မသုံးဘဲ နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းပြီး ခရီးနှင်ခဲ့သူ

လာမယ့်နွေရာသီမှာတော့ ကနေဒါမီးသတ်သမား မားကပ်စ်ပူကိုနန်က သူ့ရဲ့ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ တိုရွန်တိုမြို့ကို ပြန်ရောက်လာတော့မှာပါ။ သူဟာ သူ့ခွန်အားနဲ့ လေအားကိုပဲ အသုံးပြုပြီး ကမ္ဘာ့နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းကာ ၇ နှစ်ကြာ ခရီးနှင်ခဲ့သူ ဖြစ်ပါတယ်။

 

” လေယာဉ်၊ ရထား၊ ဓာတ်လှေကား၊ ကားလည်း မစီးပါ” ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးပြီး ကီလိုမီတာ ၈၀၀၀၀ အကွာအဝေး ခရီးနှင်ခဲ့တဲ့ ပူကိုနန်ဟာ လမ်းလျှောက်၊ လှော်လှော်၊ စက်ဘီးစီး၊ နှင်းလျှောစီး၊ ရွက်လှေစီး၊ ဖောင်စီး အစရှိတဲ့ စက်မတပ်ယာဉ်တွေကိုသာ အသုံးပြုခဲ့တာပါ။

” ကနေဒါမှာ တောမီးငြှိမ်းသတ်နေတဲ့အချိန် အဖေက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ သူ့မှာ နောက်ဆုံးအဆင့် သွေးကင်ဆာဖြစ်နေပြီတဲ့။ ဒီအကြောင်း ကြားလိုက်ရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ တကယ်လို့ ငါသာ ရက်ပိုင်းအတွင်း thayရတော့မယ်ဆိုရင် အလုပ်ချင်ဆုံးက ဘာများဖြစ်မလဲ။ ဘဝမှာ နောင်တရစရာမရှိအောင် ဘယ်လိုနေထိုင်မလဲ ဆိုတာမျိုးပေါ့” လို့ ပူကိုနန်က ပြောပါတယ်။ အဲဒီနောက်မှာတော့ ပူကိုနန်က စက်တပ်ယာဉ်မသုံးဘဲ ကမ္ဘာအနှံ့ခရီးသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပူကိုနန်ဟာ အစောပိုင်းက သူ့ရဲ့ခရီးစဉ်ကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ဆန္ဒရှိပေမဲ့ ရန်ပုံငွေမရတာကြောင့် အဲဒီအကြံကို လက်လျှော့ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှာတော့ ပူကိုနန်က သူမွေးဖွားရာ နေရာဖြစ်တဲ့ တိုရွန်တိုမြို့ နေအိမ်ရှေ့ကနေ ခရီးစဉ် စတင်ခဲ့ပြီး အွန်တိုရီယိုရေကန်ကြီးမှာ ကနူးလှေလှော် ဖြတ်သန်းခဲ့ပါတယ်။
သူဟာ ဗြိတိသျှကိုလံဘီယာပြည်နယ်ကို နှင်းလျှောစီး ကျော်ဖြတ်ခဲ့ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်ကို လှေလှော်လာခဲ့တာပါ။ အဲဒီကနေ ဟာဝိုင်အီ၊ မက္ကာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ဖြတ်သန်းခဲ့တာပါ။

ပူကိုနန်ဟာ Algonquin Outfitters ဆီက စပွန်ဆာရခဲ့ပေမဲ့ လှေ၊ စက်ဘီး၊ ဝတ်စုံ အစရှိတဲ့ပစ္စည်းတွေကိုတော့ ထောက်ခံအားပေးသူတွေက လက်ဆောင်ပေးကြတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိန္ဒိယနယ်စပ်မှာ ဝင်ခွင့်ပိတ်ခံထားရချိန် ပူကိုနန်က ချစ်သူမိန်းကလေးနဲ့ ဆုံစည်းခဲ့ပြီး အိန္ဒိယကနေ ဆေးချယ်ကျွန်း၊ တန်ဇန်းနီးယား၊ မိုဇမ်ဘစ်၊ တောင်အာဖရိကနိုင်ငံတွေကို သူတို့နှစ်ဦး အတူတကွ သွားခဲ့ကြတာပါ။ သူဟာ ခရီးစဉ်တစ်လျှောက် ပရဟိတအဖွဲ့အစည်းရုံးချုပ်တွေကိုလည်း ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။

” လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က စက်တပ်ယာဉ်တွေ မသုံးခဲ့ကြဘူးဆိုတာကို လူသားတွေ မေ့နေကြတယ်။ ကိုယ့်သမိုင်းကို ဘာလို့ ခပ်မြန်မြန် မေ့သွားကြတာလဲ။ အရင်ကလည်း စက်ကိရိယာတွေမသုံးဘဲ ကျွန်တော်တို့ အသက်ရှင်ခဲ့ကြတာပါပဲ” လို့ ပူကိုနန်က ဆိုပါတယ်။ သူဟာ အဓွန့်ရှည် တည်တံ့တဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ပုံဖော်ဖို့ အခုလို ခရီးနှင်ခဲ့တာလို့လည်း ဆိုပါတယ်။

သူဟာ ဇူလိုင်လအစောပိုင်းမှာ အိမ်ပြန်နိုင်ဖို့ ခရီးနှင်နေပြီး သူ့ရဲ့ခရီးစဉ်အကြောင်းကိုလည်း စာအုပ်ရေးသားဖို့ စီစဉ်နေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။