ကိုယ်ဝန်သည်ပရိသတ်တစ်ဦးအတွက် ဖျော်ဖြေပွဲကို ခဏရပ်တန့်ပေးတဲ့အပြင် ကလေးနာမည်ကိုပါ ပေးခဲ့တဲ့ ဟယ်ရီ စတိုင်

Celebrity International News
ကိုယ်ဝန်သည်ပရိသတ်တစ်ဦးအတွက် ဖျော်ဖြေပွဲကို ခဏရပ်တန့်ပေးတဲ့အပြင် ကလေးနာမည်ကိုပါ ပေးခဲ့တဲ့ ဟယ်ရီ စတိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်ဝန်သည်ပရိသတ်တစ်ဦးအတွက် ဖျော်ဖြေပွဲကို ခဏရပ်တန့်ပေးတဲ့အပြင် ကလေးနာမည်ကိုပါ ပေးခဲ့တဲ့ ဟယ်ရီ စတိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်သည်ပရိသတ်တစ်ဦးအတွက် ဖျော်ဖြေပွဲကို ခဏရပ်တန့်ပေးတဲ့အပြင် ကလေးနာမည်ကိုပါ ပေးခဲ့တဲ့ ဟယ်ရီ စတိုင်

One Direction အဖွဲ့ဝင်ဟောင်း အဆိုတော်ဟယ်ရီစတိုင်ရဲ့ကိုယ်ဝန်သည်ပရိသတ်တစ်ဦးအပေါ်ထားတဲ့ အကြင်နာတရားက လူမှုကွန်ယက်မှာ ပြောစမှတ်ပြုနေပါတယ်။ အင်္ဂါနေ့ညက ကားဒစ်မြို့၊ Principality Stadium မှာ ကျင်းပတဲ့ သူ့ရဲ့ Love on Tour ဖျော်ဖြေပွဲမှာ ဟယ်ရီစတိုင်က ဆီအန်လို့ အမည်ရတဲ့ ကိုယ်ဝန်သည်ပရိသတ်တစ်ဦး သန့်စင်ခန်းသွားလို့ရအောင် သူ့ရဲ့ဖျော်ဖြေပွဲကို ခဏရပ်တန့်ပေးထားခဲ့တာပါ။

အဲဒီကိုယ်ဝန်သည်ပရိသတ်ဟာ သန့်စင်ခန်းမသွားခင်က ဟယ်ရီစတိုင်ကို သူ့ကလေးအတွက် နာမည်မှည့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဖျော်ဖြေပွဲလာပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာပါ။ ဟယ်ရီစတိုင်က သူ့ကို ကလေးနာမည်မှည့်ခိုင်းတာက အတော်လေးခက်ခဲရတယ်။ ဒါပေမဲ့ သူ့ကိုတကယ်နာမည်မှည့်ပေးစေချင်လား။ ဘာပေးရင်ကောင်းမလဲလို့ ဆီအန်ကို ပြန်ပြောပေးခဲ့တာပါ။ သူ ဘာနာမည်ပေးရင်ကောင်းမလဲ စဉ်းစားနေတဲ့အချိန်မှာ ဆီအန်က သန့်စင်ခန်းသွားဖို့ လိုလာပြီလို့ ပြောခဲ့ပါတယ်။

ဆီအန် သန့်စင်ခန်းသွားလို့ရအောင် ဟယ်ရီစတိုင်က ဖျော်ဖြေပွဲကို ပြန်မစသေးဘဲ ရပ်တန့်ပေးထားခဲ့ပါတယ်။ သန့်စင်ခန်းက ပြန်လာချိန်မှာ ဟယ်ရီက သူ လာပြီ…သူလာပြီလို့လည်း ပြောခဲ့ပါသေးတယ်။

အဲဒီနောက်မှာ ဟယ်ရီက ဆီအန်ကို Stevie၊ Rafe၊ Harley နဲ့ Caleb ဆိုတဲ့နာမည်တွေထဲက တစ်ခု ရွေးစေခဲ့ပါတယ်။ ဖျော်ဖြေပွဲလာပရိသတ်တွေကိုလည်း ဘယ်နာမည်ကို ကြိုက်ကြလဲလို့ ဟယ်ရီက မေးမြန်းတော့ Caleb လို့ အများဆုံးအော်ခဲ့ကြပါတယ်။ ဆီအန်ကလည်း ဒီနာမည်ကို သဘောကျတဲ့ပုံပေါ်တဲ့အတွက် ဖျော်ဖြေပွဲကို ပြန်လည်တင်ဆက်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။