သိကြားသက်စောင့်ဂါထာနှင့်_လောကီရေးရာ

Astrology
သိကြားသက်စောင့်ဂါထာနှင့်_လောကီရေးရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိကြားသက်စောင့်ဂါထာနှင့်_လောကီရေးရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သိကြားသက်စောင့်ဂါထာနှင့်_လောကီရေးရာ

ဝေဒါသာကု ဂါထာတော်သည် သိကြားမင်းအား ရှင်မဟာမောဂ္ဂလာန် က
ပေးသော ဂါထာ ဖြစ်သည်ဟု ဆိုလေသည်။တာဝတိံသာ နတ်ပြည် မြို့လေးဒေါင့်၌
စိုက်ထူထားသော တိုင်လေးတိုင်တွင် ရေးထိုးထားသည်ဟု ဆိုလေသည်။

ကျမ်းအကိုးအကားများအရ ဤဂါထာကို အသုရာတို့မြင်လျှင် စစ်မက် မပြုဝံ့ပဲထွက်ပြေးကြလေသည်ဟု ဆိုသည်။အသက်ကိုပင် စောင့်ရှောက်ပေးသော ဂါထာ သိကြား သက်စောင့်ဂါထာ (သင်္ဂဟဂါထာ) ဟူ၍လည်း ခေါ်လေသည်။

အချို့သော အဋ္ဌကထာ ဆရာများကလည်း အရှေ့မှ အနောက် အနောက်မှအရှေ့ အပြန် ရွတ်ဆိုရသောကြောင့် ဂါထာပြန် ဟုလည်း ခေါ်ကြသေးသည်။ ဤဂါထာနှင့် ပတ်သက်၍ မူကွဲများစွာ ရှိလေသည်။ ဘယ်မူကတော့ အမှန်၊ ဘယ်မူ ကတော့ဖြင့်ဘယ်လို အငြင်းပွားစရာ လိုလိမ့်မည် မထင်ပါဟု ကျွန်တော်ယူဆမိပါသည်။

ဝေဒါသာကု ကုသာဒါဝေ
ဒါယသာဒ ဒသာယဒါ
သာသာဓိကု ကုဓိသာသာ
ကုဒကုဘု ဘုကုဒကု။

ဝေ – ရန်သူတို့သည်
ဒါ – ဝေးသောအရပ်သို့
သာ – လျှင်စွာ
ကု – ပြေးစေကုန်သတည်း။
ကု – မကောင်းသောသူတို့သည်
သာ – မိမိအလိုလို
ဒါ – အကြံအစည် ပျက်သောအားဖြင့်
ဝေ – ပျောက်စေကုန်သတည်း။
ဒါ – ဒါနစေတနာကြောင့်
ယသာ – အခြံအရံ အကျော်စောတို့သည်
ဒ – ပွားစေကုန်သတည်း။
ဒသာ – ဆယ်ပါးသော ရန်သူတို့သည်
ယ – ကုသိုလ်ဆယ်ပါး တန်ခိုးအားကြောင့်
ဒါ – ပျောက် စေကုန်သတည်း။
သာသာ – မက်မောခြင်းဖြစ်သော သူတို့နှင့်
ဓိ – ရှည်မြင့်စွာ
ကု – မပေါင်းဖော်ရခြင်း ဖြစ်စေ ကုန်သတည်း။
ကု – ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့်
ဓိ – ရှည်မြင့်စွာ
သာ – မပေါင်းဖော်ရသည်
သာ – ဖြစ်ပါစေသတည်း။
ကု – ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော
ဒ – သူတော်ကောင်း တို့နှင့်သာလျှင်
ဘု – ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌
ကု – တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။
ကု – စက်ဆုတ်ရွံရှာ မကောင်းစွာသော သူတို့နှင့်
ဘု – ဖြစ်လေရာရာ အရပ်၌
ဒ – အခါခပ်သိမ်း
ကု – မတွေ့ရသည် ဖြစ်စေသတည်း။

ဂါထာတော်_အသုံးပြုနည်း

(က) ဤဂါထာကို တစ်လတိတိ မပြတ်ရွတ်လျှင် အာဏာကြီးခြင်း၊ ပညာကြီးခြင်း၊ ခွန်အားကြီးခြင်းအကျိုးတို့ကိုရရှိစေနိုင်သည်။

(ခ) အရပ်ရှစ်မျက်နှာ မည်သည့်အရပ်သို့သွားသွား ဤဂါထာ ရွတ်ဖတ်သွားပါက ကျား ၊ ဆင်၊ မြွေ စသော အရိုင်းအစိုင်း သတ္တဝါအားလုံး ပုန်းကွယ်ရှောင်ရှားကြလေသည်။

(ဂ) ကျောက်စရစ်ခဲ ရှစ်ခဲကို ဤဂါထာဖြင့် ၇အုပ်တိတိမန်းပြီး အိမ်၏ အရပ်ရှစ်မျက်နှာ ၌မြုတ်ထားလျှင် သူခိုးမဝင်နိုင်ပါ။

(ဃ) စကောလေးချပ်ကို တစ်ချပ်လျှင် ဂါထာဖြင့် ၇အုပ်စီမန်းပြီး အိမ်၏ ဒေါင့်လေးဒေါင့်တွင် ချိတ်ဆွဲထားလျှင် ရန်သူအမျိုးမျိုးတို့ မဝင်နိုင်ပါ။

(င) နံ့သာကဲ့သို့သော အမွှေးဆီ တစ်မျိုးမျိုးအား ဤဂါထာဖြင့် မိမိသက်စေ့ ရွတ်ကာမန်းမှုတ်၍ မိမိခန္ဓာကိုယ်အား လိမ်းကျံခြင်း ဆွတ်ဖြန်းခြင်းပြုပါက ကျက်သရေအမျိုးမျိုးတိုးလျက် မျက်နှာမြင် ချစ်ခင်ခြင်းကိုဖြစ်စေ၏

(စ) ကပ်ရောဂါ ဘေးဆိုး ဒဏ်ဆိုး အန္တရယ် ဆိုးများအတွက်မူ ဤဂါထာအား အိမ်၏ အရှေ့အရပ်သို့မျက်နှာမူ၍ မနက် ၉ခေါက်၊ ည ၉ခေါက် ရွတ်ဖတ်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းကျိုးမင်္ဂလာ အဖြာဖြာပြည့်စုံ၍ ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းပါစေ။

ရေးသားသူ – Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။