တပို့တွဲ လပြည့်နေ့ ယတြာ

Astrology

တပို့တွဲ လပြည့်နေ့ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တပို့တွဲ လပြည့်နေ့ ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တပို့တွဲ လပြည့်နေ့ ယတြာ
၄-၂-၂၀၂၃ ဟာ တပို့တွဲ လပြည့်နေ့လေးဖြစ်ပါတယ်နော်….

ကောင်းကင်မှာ ကြယ်တွေ နက္ခတ်တွေစုံပြီး ကောင်းတဲ့နိမိတ်တွေ နဲ့ပြည့်နေတဲ့
တပို့တွဲလပြည့်နေ့ဟာ နက္ခတ်စုံညီလှပြီး
အရမ်းကို Powerful ဖြစ်တယ်လို့ ယုံကြည် ယူဆကြပါတယ်..
လပြည့်ည လရဲ့စွမ်းအားဟာ အမြင့်ဆုံးအခြေအနေနဲ့လူတွေပေါ်မှာသက်ရောက်မှုတွေ အများကြီးရှိနေပါတယ်…..

လပြည့်နေ့လေးတွေဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်တဲ့ရက်လေးတွေဖြစ်ပါတယ်….
အဲလိုနေ့လေးမှာ……..

မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတခွက် ကပ်လှူပေးပါ။

ပန်း ၁၁ ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။
မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။
ဆီမီး ၁၁ တိုင် ၊ အမွှေးတိုင် ၁၁ တိုင် ထွန်းညှိ ပူဇော်ကာ

” အရဟံ လာဘံ ” ပုတီး ၃ ပတ် စိပ်ကာ
မိမိလိုရာဆု တောင်းပါ။
အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ
အနံ့မခံနိုင်သူတွေက အမွှေးတိုင်မထွန်းပါနဲ့နော်
မနက်ဘက်အဆင်မပြေသူများ
ညဘက် ၈ နာရီမှ ၁၁ နာရီ အတွင်းတွင်ပြုလုပ်နိုင်ပါတယ်ရှင်……

ပုတီးစိပ်ဖို့ရာ အဆင်မပြေသူများကတော့
မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ….
ပံ့သကူလေးတွေ ပစ်ပေးကြပါ….
မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ….
မေတ္တာသုတ် ကိုရွတ်နိုင်သူကရွတ်ကြပါ( အခေါက်အရေအတွက်သတ်မှတ်မထားပါ)…..
မရွတ်နိုင်သူ/မရွတ်တတ်သူက မနက်အိပ်ယာနိုး (သို့) ညအိပ်ရာဝင်ဖွင့်ပေးပါ
ကောင်းတာလုပ်သမျှ ကောင်းတာတွေပဲ ဖြစ်လာမှာပါ……

ခုလို Powerful ဖြစ်တဲ့ လပြည့်ညမှာ ဆုတောင်းရင်
မိမိရဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ပါလိမ့်မယ်….

အခါထူး ရက်ကောင်းရက်မြတ်တစ်ရက်ဖြစ်တာကြောင့် စိတ်ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့်
ကောင်းခြင်းတွေရကြပါစေ…..
မေတ္တာစိတ်ကလေးနဲ့တစ်နေ့တာကိုဖြတ်သန်းကြရအောင်

ရေးသားသူ – Luna Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။