ကမ္ဘောဒီးယားမှာ ရုပ်ရှင်ရိုက်ပြီး ပြန်ရောက်လာတာနဲ့ ဖခင်နဲ့အတူတူ ဘုန်းကြီးဝတ်ခဲ့တဲ့ ပိုင်တံခွန်

Celebrity Local News
ကမ္ဘောဒီးယားမှာ ရုပ်ရှင်ရိုက်ပြီး ပြန်ရောက်လာတာနဲ့ ဖခင်နဲ့အတူတူ ဘုန်းကြီးဝတ်ခဲ့တဲ့ ပိုင်တံခွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘောဒီးယားမှာ ရုပ်ရှင်ရိုက်ပြီး ပြန်ရောက်လာတာနဲ့ ဖခင်နဲ့အတူတူ ဘုန်းကြီးဝတ်ခဲ့တဲ့ ပိုင်တံခွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ ရုပ်ရှင်ရိုက်ပြီး ပြန်ရောက်လာတာနဲ့ ဖခင်နဲ့အတူတူ ဘုန်းကြီးဝတ်ခဲ့တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ.. မင်းသားချောပိုင်တံခွန်ကတော့ မြန်မာကသာမက ကမ္ဘာကပါသိတဲ့ မင်းသားတစ်လက်ပါပဲ။ ပိုင်တံခွန်ဟာ သူ့ရဲ့တောင့်တင်း ကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစား ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ အမိုက်စားတက်တူးတို့ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ Rent Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ပိုင် တံခွန်ဟာ အခုဆိုရင် မြန်မာပြည်ကို ပြန်လည်ရောက်ရှိ
နေပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ အမိမြေကို ပြန် ရောက်ရောက်ချင်း သူ့ရဲ့ဖေဖေနဲ့အတူတူ သစ်တံခါး ဆရာတော်ကြီးရဲ့ကျောင်းတိုက်မှာဘုန်းကြီးဝတ်သင်္ကန်းစည်းခဲ့တယ်လို့ သိရပါတယ်။

ပိုင်တံခွန်ကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ မကြာခဏဆိုသို သင်္ကန်းဝတ်ပြီး ကုသိုလ်ယူတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် တရား ထူး တရားမြတ်တွေကို ရှာဖွေတွေ့ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။