စစ်ကျွန်ပညာရေးစနစ်မှာ ​ကျောင်းမထားချင်တဲ့မိဘများအတွက် 100% CDM ဆရာမတွေသင်ကြားပေးတဲ့ Kaung for You Federal Private School မှာ အခမဲ့ ကျောင်းအပ်နိုင်ပြီ

Local News

စစ်ကျွန်ပညာရေးစနစ်မှာ ​ကျောင်းမထားချင်တဲ့မိဘများအတွက် 100% CDM ဆရာမတွေသင်ကြားပေးတဲ့ Kaung for You Federal Private School မှာ အခမဲ့ ကျောင်းအပ်နိုင်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကျွန်ပညာရေးစနစ်မှာ ​ကျောင်းမထားချင်တဲ့မိဘများအတွက် 100% CDM ဆရာမတွေသင်ကြားပေးတဲ့ Kaung for You Federal Private School မှာ အခမဲ့ ကျောင်းအပ်နိုင်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောင်းသားမိဘများအတွက် အထူးသတင်းကောင်းပါ။ မိဘတော်တော်များများ ကိုယ့်သားသမီး ပညာရေးနောက်ကျမှာ စိတ်ပူကြပါတယ်။ စစ်ခွေးကျောင်းမှာထားရင်လည်း မလုံခြုံတဲ့အပြင် အလွတ်ကျက်အောင် ဝါဒဖြန့် ကျွန်ပညာရေးသာ သင်ပေးလို့ အခက်ကြုံရမှာပါ။ ယခုအခါမှာတော့ ဒါတွေစိတ်ပူစရာမလိုတော့ပါဘူး။

၁၀၀% CDM ဆရာမတွေသင်ကြားပေးပြီး အခမဲ့အပ်နှံနိုင်တဲ့ Kaung For You Federal Private School ပေါ်လာပါပြီ။ ကျောင်းအုပ်ကြီးကိုယ်တိုင် ရေးသားထားတဲ့ သတင်းကောင်းကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။

Hello ကျနော်ဆရာကောင်းပါ။ ကျောင်းအပ်လက်ခံမယ့်ရက်ကလည်း ကပ်လာပြီ။ ဇွန် ၁ ရက် နဲ့ ဇွန် ၂ ရက်တို့မှာပဲ တစ်နှစ်လုံးမှာမှ ၂ ရက်တည်းသာ လက်ခံမယ့်အကြောင်း ထပ်ခါတလဲလဲ ကြေငြာပေးနေလျက်ပါပဲ။

အဲ့နေ့ မနက် ၈ နာရီက စ ကျောင်းအပ်လို့ရပါမယ်။ ဖုန်းနံပါတ် တယ်လီဂရမ်နံပါတ် (အဆင်သင့်ဖွင့်ထားသူ ဖြစ်ရပါမယ် တယ်လီဂရမ် ကို ခု ဒီစာဖတ်ပြီးတာနဲ့ အကောင့်ဖွင့်ထားကြပါ။ တယ်လီဂရမ်စာသင်ခန်းတွေ ဖွဲ့ထားလို့ပါ။ တယ်လီဂရမ် မဖောက်ထားရင် စာသင်ခန်းထဲ မရောက်ပါ။)

ကျနော်လွန်ခဲ့တဲ့ ၆လ လောက်ကတည်းက Online Teacher Training ကို ကျနော်တို့ဆရာဆရာမတွေကို အရေအတွက်သောင်းချီပြီး သင်တန်းတွေ ပေးထားခဲ့ပါတယ်။ အဲဒါ အခုလို တောင်မြန်မာ မြောက်မြန်မာ Teaching Learning ပြိုင်ရချိန်မှာ Qualified Teachers တွေ ကျနော်တို့ဘက်မှာ အများကြီးရှိချင်လို့ပါ။

ကျနော့်ရည်ရွယ်ချက်က အထမြောက်ခဲ့ပါတယ်။ မြောက်မြန်မာက လူတွေကိုယ်တိုင် သူတို့သားသမီးတွေကို ကျနော့်ကျောင်းမှာ လာအပ်ကြပါတယ်။
အဲဒါ ကျနော်တို့ရဲ့ စစ်မှန်တဲ့အောင်မြင်မှုပါ။ ပုဂ္ဂိုလ်ရေးအမုန်းတရားမရှိ ကလေးတွေကို ဘယ်သူဘယ်ဝါ့သားသမီးမခွဲခြားဘဲ သင်ပေးခဲ့ပါတယ်။ စီမံခန့်ခွဲမှုအဖွဲ့များရဲ့ ဝီရိယနဲ့ကြိုးစားမှု သင်ကြားရေးအဖွဲ့များရဲ့ ကြိုးစားလေ့လာအားထုတ်မှု
မိဘ ဆရာ ကျောင်းသား ဟန်ချက်ညီညီကြိုးစားမှုတွေကြောင့် KaungForYou ဟာ တဟုန်ထိုးအောင်မြင်လာခဲ့ပါတယ်။

ကိုယ်တတ်တဲ့ စာသင်ခြင်းပညာနဲ့ လစာပြန်ရကြပြီ။ ဘယ်ပြည်သူက ဘယ်အချိန်လာပေးမယ်မှန်းမသိရတဲ့ အလှူငွေ လိုလို support လိုလို ငွေသောင်းဂဏန်းထက် ကိုယ့်အတတ်ပညာနဲ့ရတဲ့ လုပ်ခလစာကို ကျနော်တို့ လမ်းကြောင်းလေးက ရရှိစေခဲ့ပါတယ်။

လိုအပ်တဲ့နေရာမှာ လှူနိုင် ဖြည့်နိုင်ကာစပါ။ အကျယ်ချဲ့ ပြောမရတာမို့ နားလည်ပေးပါ။ ကျနော်တို့ကျောင်းက မြန်မာနိုင်ငံ ဖက်ဒရယ်ပညာရေးစနစ်ရဲ့ ပထမဆုံး private ကျောင်းပါ။ ၁၀၀% cdm ကျောင်းပါ။

ဖက်ဒရယ်စနစ်မှာ ပရိုက်ဗိတ်ကျောင်းတွေရဲ့ အခန်းကဏ္ဍ ထည့်သွင်းဖော်ပြထားပေမယ့် ယခုထိ မူဝါဒက မရှိသေးတဲ့အခါ KaungForYou အနေနဲ့ အခုကာလအတွင်း ကျနော်တို့ခေါင်းဆောင်များ Private policy အတွက်ခေါင်းမခြောက်ရလေအောင် အများနည်းတူ အခမဲ့ ပညာရေးစနစ်ကိုပဲ ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကျနော်တို့ကတော့ လခတင်းတင်းရင်းရင်းတောင်းပြီး ပညာရေးဝန်ဆောင်မှုအကောင်းစားတွေ တင်းတင်းရင်းရင်းပြန်ပေးဖို့ ရည်ရွယ်တာပါ။ လစာငွေလေး သေချာပေါက်ရတဲ့အတွက် ဆရာဆရာမတွေလည်း အားပိုရှိပြီး ကြိုးစားကြပါတယ်။အူမတောင့်မှသီလစောင့်နိုင်တာ လူတိုင်းလက်ခံရပါမယ်။

အခုကျနော်တို့ အလှူပြန်ခံရပါမယ်။ ကျောင်းလခလို့တော့ လုံးဝ မရှိတော့ပါဘူး။
ကျနော့်အနေနဲ့ မိဘတွေကို ပြည်သူတွေကို အားကိုးပါတယ်။ ကြားကာလမှာ မြန်မာနိုင်ငံသာမက နိုင်ငံတကာအထက်တန်းသင်ရိုးပြီးမြောက်သည်အထိ ကျနော့်ကျောင်းက ကျောင်းသားတွေကို လုပ်ပေးနိုင်ဖို့ ချိတ်ဆက်ထားတာတွေ ရှိပါတယ်။

IGCSE လို နိုင်ငံတကာအသိအမှတ်ပြုအထက်တန်းအောင်လက်မှတ်ကို ရနိုင်တဲ့ထိ သင်ပေးဖို့ကို ကျနော့် kaung for you က ဆရာဆရာမများကို သင်တန်းတွေ ကျောင်းတွေ ထားပေးထားတာပါ။ တပည့်တွေဆီ အကောင်းဆုံးတွေ နဲ့ ပြန်လည်ပို့ချနိုင်ဖို့ ဆရာတွေကို အရင် ကျောင်းတွေ သင်တန်းတွေ တက်ခိုင်းထားတာပါ ။ ထားပေးထားတာပါ။ သူတို့တွေလည်း IGCSE COURSEတွေ ဆရာဖြစ်သင်တန်းတွေ တက်နေကြပါပြီ။

အထက်တန်းမှာ IGCSE ဝင်ဖြေနိုင်ဖို့ ကျနော့်ကျောင်းမှာ မူလတန်းမှာကတည်းက
cambridge english ကို starter mover သင်ပေးပါတယ်။ အလယ်တန်းမှာလည်း cambridge english ပါပါတယ်။ Grade 10 နဲ့ 11 တို့မှာလည်း ပါပါတယ်။
ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကိုယ်တိုင် Cambridge English ကို သင်ရိုးအနေနဲ့ ထည့်သင်တဲ့ကျောင်းလေး ဆိုပြီး ချီးကျူးထားတာပါ။ ကျနော်တို့မက်မောတာ Quality ကောင်းတဲ့ ကလေးတွေ ထွက်တယ် ဆိုတဲ့ ဂုဏ်ပါ။

ဘာပဲဖြစ်ဖြစ် ကျနော် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေ ကျနော်တို့ kaung for you ရဲ့ အရည်အသွေးမြင့်ပညာရေးကို ထပ်မံမြှင့်တင်ပေးပါ။ ပံ့ပိုးပေးပါ။ ကျနော်တို့ ညပေါင်းများစွာ မအိပ်မနေ အလုပ်လုပ်ပေးနေခဲ့ပါတယ်။ လုပ်လည်း လုပ်ပေးပါဦးမယ်။

၆လပိုင်း ၁ရက် ၂ရက် နေ့တွေ သေသေချာချာအပ်ပါ။ အချက်အလက်တွေ မှန်အောင်ဖြည့်ပါ။ ဖုန်းနံပါတ်တွေ မမှားပါစေနဲ့။ အဲဒီ၂ရက် ပဲ လက်ခံပြီးရင် တစ်နှစ် လုံး လက်ခံပေးမှာ မဟုတ်တော့ပါဘူး။ ကျနော်ကတော့ ကျောင်းသားမိဘများကို အားကိုးယုံကြည်စွာနဲ့ ကျောင်းလခများကို ဖျက်သိမ်းလိုက်ပါပြီ။

မိဘတို့ရဲ့သားသမီးတွေကို လူကောင်းကော လူတော်ပါ ဖြစ်စေဖို့ ကျနော်တို့ သေသေချာချာ ဝန်ဆောင်မှုပေးပါ့မယ်။ ကျနော့် ဆရာဆရာမတွေ အတွက်
အပြန်အလှန်တန်ဖိုးထားမှုကို ကျနော် မျှော်လင့်ပါရစေ။

ကျေးဇူးတင် အားကိုးစွာဖြင့် – ကောင်းသိုက်စိုး၊ ကျောင်းအုပ်ကြီး၊ kaung for you ၊ federal private school

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။