လမိုင်း အကြောင်း

Astrology
လမိုင်း အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လမိုင်း အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လမိုင်း အကြောင်း

အကြင်ပုဂ္ဂိုလ်တစ်ဦးကို ပင့်ဖိတ်သော်လည်း အဲဒီ ပုဂ္ဂိုလ်အစား ကြွရောက်လာသူကို လမိုင်းခေါ်တယ်။
ရှေးအခါက မုနိဉာဏ ရသေ့ဟာ စကြာဝဠာတံတိုင်းမှာ လောကီပညာတွေကို သွားရောက်လေ့လာပြီး ပြန်လာတဲ့ အခါမှာ သူ့မှာ ကံကုန်ခါနီးနေပြီ။
စကြာဝဠာခရီးဆိုတာ အင်မတန်ရှည်တယ် လမ်းမှာပင် အိုမင်းသွားနိူင်တယ်။ ရသေ့ကြီးက သူ့မှာ လုပ်စရာတွေရှိသေးတယ်။ သူမthayလိုသေးဘူး။

ဒါနဲ့ သူ့ပညာနဲ့ တွက်ချက်လိုက်တော့ မကြာခင် ကဝါလမိုင်းဆိုတဲ့ လူဘော်ကြော့တစ်ဦး မြွေကိုက်thayမှာကို သူသိလိုက်တယ်။ သူဟာမလှမ်းမကမ်းကနေ ကဝါလမိုင်း မြွေကိုက်တာကို စောင့်နေပြီး မြွေကိုက်ပြီး လဲကျသွားတဲ့ အခါ ဆေးသမားဟန်ဆောင်ပြီး ဆေးကုပေးသလိုလိုနဲ့ သက်ပြောင်းကိုယ်ခွာ ပညာနဲ့ ကဝါလမိုင်း ကိုယ်ထဲ ဝင်နေလိုက်တယ်။ တကယ့် ကဝါလမိုင်း က thayပြီ။

ရသေ့က ကဝါလမိုင်းကိုယ်ထဲဝင်ပြီး ဆက်လက်အသက်ရှင်နေထိုင်သွားတယ်။ ကဝါလမိုင်းမိန်းမနဲ့ သားသမီးတွေပါ ထပ်မွေးသွားတယ်။
အဲဒီ ကဝါလမိုင်းမှော်တွေ ဘာတွေဆိုတာ ရှိသလို လမိုင်းဆိုတဲ့ အသုံးအနှုန်းကလည်းတွင်ကျယ်လာတယ်။ လမိုင်းဆိုတာ အကြင်ပုဂ္ဂိုလ်တစ်ဦးကို ပင့်ဖိတ်သော်လည်း အဲဒီ ပုဂ္ဂိုလ်အစား ကြွရောက်လာသူ။ဆရာတော်တော်များများ အဆိုအမိန့်ရှိတာက ပုဂ္ဂိုလ်ကြီးတွေကို ပင့်ရင် လမိုင်းပဲ ကြွကြတာများတယ်တဲ့။

ဥပမာ
ယောမယ်တော်ကြီးကို ပင့်တာမှန်တယ်။ လမိုင်းပဲ ကြွလာတယ်။ ယောမယ်တော်ကြီးဆိုတာ ရှိချင်လည်းရှိမယ်။ တနေရာ ကြွရောက်နေရင်လည်း နေမယ်။ ကြွလာတာက သူ့အစား ကြွလာတာပဲ။
အဲဒီနေရာမှာ ကောင်းတဲ့ လမိုင်းကြွလာရင် ဟုတ်တယ်။ ပေါက်ကရ အဖျက်လမိုင်းကြွလာရင် ဒုက္ခရောက်တော့တာပဲ။ သူက ပွဲဖျက်မယ်။ မမှန်ကန်တဲ့ ညွှန်ကြားချက်တွေပေးမယ်။

နောက်တစ်ခုက လေချွန်နတ်မေးတာ။
နတ်ဝင်သည်ဆီ ဝင်ပူးပြီးဖြေသူက ကိုယ့်အိမ်သား ဟုတ်ချင်မှ ဟုတ်တာ။ လမိုင်းက ဝင်ဖြေတယ်လို့ဆိုတယ်။ သတ္တဝါတစ်ဦးရဲ့လားရာကို ပြန်ခေါ်ပြီး မေးဖို့ဆိုတာ မလွယ်ဘူး။

တရားကျင့်နေတဲ့သူကို ညဘက် ကော်ဖီလာပေး၊ မုန့်လာကျွေး ဝင်ပြီးစကားတွေပြောတတ်တဲ့ မိန်းမတွေဆိုတာလည်း လမိုင်းပဲ။ ဒီတရားတွေဆက်မကျင့်ပါနဲ့ရပ်လိုက်ပါ၊ အပိုတွေပါပဲ ဆိုပြီး လာတားတာလည်း လမိုင်းပဲ။ တရားကျင့်တာကောင်းတယ်၊ ဆက်ကျင့်ပါဆိုပြီး အားလာပေးတတ်တာလည်း လမိုင်းပဲ။ တကယ်တော့ သူတို့လာပြောတိုင်း ဂရုစိုက်စရာမလိုဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။ လမိုင်းတွေက အဖျက်လည်းရှိတယ်၊ အကူအညီပေးတါလည်းရှိတယ်။ လှည့်စားတာလည်းရှိတယ်။
တောလမိုင်းအကြောင်းပြောပြမယ်။

ရှေးအခါက တောထဲမှာ မုဆိုးတစ်ဦးဟာ လင့်စီးနေသတဲ့။ လင့်စီးတယ်ဆိုတာ သစ်ပင်ခွကြားမှာ ဝါးကပ်ထိုးပြီး တောကောင်စောင့်နေတာ။ သားကောင်မရမချင်း အောက်မဆင်းရဘူး။အဲဒီလိုနဲ့နေတုန်း သစ်ပင်အောက်လူတစ်ဥိး ရောက်လာသတဲ့။
“ကိုမုဆိုး ခင်ဗျားကို သစ်တောမင်းကြီး ခေါ်ခိုင်းလိုက်တယ် လိုက်ခဲ့ပါ” ခေါ်သတဲ့။
မုဆိုးကလည်း “မလိုက်နိုင်ဘူး” ပြောသတဲ့။ အောက်ကလူက ထပ်ထပ်ခေါ်သတဲ့။
“မင့်ဘာသာ သစ်တောမင်းကြီး မကလို့ ဘုရင်ခံလာလည်း ငါမလိုက်နိူင်ဘူး”လို့ ပြောလိုက်တော့အောက်ကလူက “အေး ကောင်းပြီလေ”လို့ပြောပြီး ပြန်သွားသတဲ့။
ခဏလောက်လည်းကြာရော သစ်တောမင်းကြီးဟာ ရွှေထီးဆောင်း ဆင်ကြီးစီးပြီး thayနတ်ကိုင် စစ်တပ်နဲ့ကို ချီတော်မူလာသတဲ့။
“ဟဲ့ ငမိုက်သား မုဆိုး ဆင်းခဲ့စမ်း၊ ငါလို သစ်တောဝန်ရှင်တော်မင်းကြီးဖုရား ကြွတော်မူလာတယ်” လို့ အမိန့်ပေးသတဲ့။

မုဆိုးက သစ်တောဝန်မကလို့ ဘာဝန်ဖြစ်ဖြစ် ပစ်တယ်ဆိုပြီး thayနတ်နဲ့ ဒိုင်းခနဲ ပစ်ချလိုက်တာသစ်တောဝန်ကြီးရော ဆင်ကြီးရော အကုန်ပျောက်သွားတယ်။
မနက်မိုးလင်းတော့အဲဒီမှာ ပုတ်သင်ညိုနှစ်ကောင် thayနတ်မှန်ပြီး thayနေတာတွေ့ရတယ်။

လမိုင်းဆိုတာ ကုန်းလမိုင်း ရေလမိုင်း တောလမိုင်း တောင်လမိုင်း အမျိုးမျိုးရှိတယ်။ အကူအညီပေးမယ့် လမိုင်းရှိသလို ဒုက္ခပေးမယ့် လမိုင်းလည်းရှိတယ်။ လမိုင်းဖျက်ရင်လည်း လောကီပညာမှာ မအောင်မြင်နိုင်သလို လမိုင်းမကပ်ရင်လည်း မအောင်မြင်နိုင်ဘူး။ ဒါကြောင့် လမိုင်းကပ်ရမယ်လို့ စကားပုံပေါ်လာတာ။
မှန်ကန်တဲ့ လမိုင်းတွေ ဖြစ်ဖို့လိုတယ်ပေါ့။ လမိုင်းဆိုတာ မိမိရဲ့ အကုသိုလ် ကုသိုလ်တွေကြောင့်လည်း ပေါ်လာတတ်တယ်။

လောကမှာ လမိုင်းတွေကို မမြင်ဖူးဘူးဆိုရင် ကိုယ့်ဘေးနားက လူတွေကိုပဲ ကြည့်ပါ။ ကိုယ့်ကိုတွန်းမယ်၊ ချောက်ချမယ်၊ ကူညီမယ်၊ ကုန်းတိုက်မယ်၊ ဝမ်းသာမယ်၊ မနာလိုမယ်၊ ဝေဖန်မယ်၊ ချီးမွမ်းမယ် အမျိုးမျိူးရှိကြတယ်။ အဲဒါ လမိုင်း လိုလူတွေပဲ။
လမိုင်းတွေ ဘယ်လိုရှိရှိ လူတိုင်းဟာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို မှန်မှန်ကန်ကန် ရွေးချယ်သွားကြရမယ်။
မေတ္တာဖြင့် ပြန်လှည်မျှဝေသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။