၂၇ ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း မအောင်မြင်ခဲ့ပြန်တဲ့ တရုတ်သန်းကြွယ်သူဌေး

International News
၂၇ ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း မအောင်မြင်ခဲ့ပြန်တဲ့ တရုတ်သန်းကြွယ်သူဌေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၇ ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း မအောင်မြင်ခဲ့ပြန်တဲ့ တရုတ်သန်းကြွယ်သူဌေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၇ ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း မအောင်မြင်ခဲ့ပြန်တဲ့ တရုတ်သန်းကြွယ်သူဌေး

တရုတ်သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ ၂၇ ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကလည်း မအောင်မြင်ခဲ့ပါဘူး။ အသက် ၅၆ နှစ်အရွယ်ရှိတဲ့ လျှံရှီးဟာ ရနိုင်ခြေအမှတ် (၇၅၀)အနက် ၄၂၄ မှတ်ပဲ ရရှိခဲ့ပြီး တက္ကသိုလ်ဝင်ခွင့် အမှတ်ပြည့်မီဖို့ ၃၄ မှတ် လိုအပ်ခဲ့တာပါ။

လျှံရှီးဟာ ၁၉၈၃ ခုနှစ်က ၁၆ နှစ်သားအရွယ်မှာ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ သူဟာ ကျပန်းအလုပ်မျိုးစုံ လုပ်ခဲ့ပေမဲ့ ၁၉၉၂ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ သူ အလုပ်လုပ်တဲ့စက်ရုံ ဒေဝါလီခံခဲ့ရလို့ လျှံရှီးက သူ့ကိုယ်ပိုင် သစ်ရောင်းဝယ်ရေးလုပ်ငန်း စလုပ်ခဲ့ပါတယ်။

အချိန်တိုအတွင်း အောင်မြင်မှုရခဲ့ပြီး တစ်နှစ်ထဲမှာ ဝင်ငွေယွမ်တစ်သန်းအထိ ရခဲ့ပါတယ်။ အဲဒီနောက်မှာ လျှံရှီးက အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအထိ တိုးချဲ့ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ တရုတ်အစိုးရက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (Gaokao) ဖြေဆိုခွင့် အသက်အရွယ် ကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့လို့ လျှံရှီးက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း လျှံရှီးက တစ်နှစ်ပဲ စာမေးပွဲမဖြေဖြစ်ခဲ့တာပါ။

အခုနှစ်အတွင်း တရုတ်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ၁၃ သန်းနီးပါး ရှိခဲ့ပါတယ်။ လျှံရှီးကတော့ ဒီနှစ်စာမေးပွဲမှာ သူ့ရဲ့အမှတ်ကို ကျေနပ်မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒီတစ်သက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ပါ့မလားဆိုတာ မပြောတတ်သေးဘူးလို့ လျှံရှီးက ဆိုပါတယ်။

တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်၊ သိပ္ပံဘာသာ (သို့) အခြားရွေးချယ်ရာဘာသာရပ်တွေကို စစ်ဆေးတဲ့ တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဟာ အလွန်ခက်ခဲတယ်လို့ ကျော်ကြားပါတယ်။ ၂၀၂၁ ခုနှစ်က စာမေးပွဲဖြေဆိုသူတွေအနက် ၄၁.၆ ရာခိုင်နှုန်းပဲ တက္ကသိုလ် (သို့) ကောလိပ် တက်ရောက်ခွင့် ရခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။