ပဲခူတိုင်း၊ မုန်းမြို့ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သော lat natကြီးကျည် ထိမှန်၍ အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကွယ်လွန်

Local News

ပဲခူတိုင်း၊ မုန်းမြို့ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သော lat natကြီးကျည် ထိမှန်၍ အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကွယ်လွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲခူတိုင်း၊ မုန်းမြို့ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သော lat natကြီးကျည် ထိမှန်၍ အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကွယ်လွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ် ခတ်လိုက်သောlat natကြီး ကျည်ထိမှန်၍ အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကွယ်လွန်ခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်ကlat nat ကြီးဖြင့် ကျေးရွာများသို့ ပစ်ခတ်ရာ မုန်းမြို့၊ ကော့ပြင်း ကျေး ရွာ ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကို lat nat ကြီးထိမှန်ကာ ပွဲချင်းပြီး thayဆုံးခဲ့ရကြောင်း သိရှိရသည်။

“မနေ့ ညနေပိုင်းမှာlat nat ကြီး အိမ်ပေါ်ကျပြီး အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ဆုံးပါးသွားတာ။ ကလေးက lat nat ကြီးထိပြီး ပွဲချင်းပြီး ပါပဲ။ မုန်းမြို့ဘက်မှာ စစ်တပ်က lat nat ကြီးတွေ မထင်ရင် မထင်သလို ရမ်းသမ်းပစ်နေတာ။ lat nat ကြီးကျတဲ့အိမ်လည်း ပျက်စီးသွားတယ်” ဟု ကော့ပြင်းကျေးရွာနှင့် ရွာချင်းကပ်လျက်မှ ဒေသပြည်သူတစ်ဦးက ဖြစ်စဉ်ကို ရှင်းလင်းပြောဆိုသည်။

“lat nat ကြီးမှန်တဲ့အချိန်မှာ ညီမလေးကတော့ နည်းနည်းပဲထိတယ်။ တူမလေးက အိပ်နေရင်းနဲ့ တစ်ခါတည်း ပွဲချင်းပြီးပဲ။ ဒီနေ့ သဂြိုလ်ပါတယ်” ဟု မသွန်း၀တီကျော်၏ ​ဆွေမျိုးဖြစ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြော ဆိုသည်။


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်တပ်နှင့် KNLA၊ PDF တပ်များ အကြား တိုက်ပွဲများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး စစ်တပ်က lat nat ကြီး များဖြင့် ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။