အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းရဲ့ Novotel hotel မှာကျင်းပမဲ့ ၂၅သိန်းတန် ရှိုးပွဲဖျက်သိမ်းကြောင်း ကြေညာ

Celebrity Local News
အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းရဲ့ Novotel hotel မှာကျင်းပမဲ့ ၂၅သိန်းတန် ရှိုးပွဲဖျက်သိမ်းကြောင်း ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းရဲ့ Novotel hotel မှာကျင်းပမဲ့ ၂၅သိန်းတန် ရှိုးပွဲဖျက်သိမ်းကြောင်း ကြေညာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းရဲ့ Novotel hotel မှာကျင်းပမဲ့ ၂၅သိန်းတန် ရှိုးပွဲဖျက်သိမ်းကြောင်း ကြေညာ

အဆိုတော် မျိုးကြီးနဲ့ဝိုင်ဝိုင်းတို့ရဲ့ လူ ၈ ယောက်စာ စားပွဲဝိုင်းတစ်ခုအတွက် ဝင်ကြေး ကျပ် ၂၅ သိန်း သတ်မှတ် ထားတဲ့ ရှိုးပွဲကို မကျင်းပတော့ဘူးလို့ ပွဲလက်ခံကျင်းပပေးတဲ့ နိုဗိုတယ်ဟိုတယ်က သူတို့ရဲ့ လူမှုကွန်ရက်ကနေ ကြေညာပါတယ်။

လူမှုကွန်ရက် အဲဒီရှိုးပွဲဝင်ကြေးနဲ့ပတ်သက်ပြီး ဝေဖန်မှု တွေ ထွက်ပေါ်လာပြီးနောက် နိုဗိုတယ်ဟိုတယ်က အခုလို ကြေညာခဲ့တာပါ။ အဲဒီရှိုးပွဲကို နိုဗိုတယ် ဟိုတယ် မှာ ဇူလိုင်လ ၂၁ ရက် ည ၇ နာရီကနေ ၁၀ နာရီအထိ ကျင်းပသွားဖို့ ကနဦးမှာ ကြေညာထားတာပါ။

“A Night With Myo Gyi & Wine Wine” ပွဲ အားပြုလုပ် တော့မည် မဟုတ်ပါကြောင်း ရိုသေလေးစားစွာ အသိပေး အပ်ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူအားလုံးအား အနူးအညွှတ် တောင်းပန်အပ်ပါသည်။” လို့ နိုဗိုတယ် ဟိုတယ်က ကြေညာထားပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။