ဗင်းဆင့်ဗန်ဂိုးရဲ့ အကျော်ကြားဆုံးပန်းချီကား ၃ ကားကို နာရီထဲက ဟန်ချက်ဘီးပေါ်မှာ ဖန်တီး

International News
ဗင်းဆင့်ဗန်ဂိုးရဲ့ အကျော်ကြားဆုံးပန်းချီကား ၃ ကားကို နာရီထဲက ဟန်ချက်ဘီးပေါ်မှာ ဖန်တီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗင်းဆင့်ဗန်ဂိုးရဲ့ အကျော်ကြားဆုံးပန်းချီကား ၃ ကားကို နာရီထဲက ဟန်ချက်ဘီးပေါ်မှာ ဖန်တီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗင်းဆင့်ဗန်ဂိုးရဲ့ အကျော်ကြားဆုံးပန်းချီကား ၃ ကားကို နာရီထဲက ဟန်ချက်ဘီးပေါ်မှာ ဖန်တီး

အလွန်သေးငယ်တဲ့ အနုပညာလက်ရာတွေ ဖန်တီးရာမှာ ကျော်ကြားသူ ဒေးဗစ်အေလင်ဒန်က ကမ္ဘာကျော်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကား ၃ ကားကို စက္ကန့်လက်တံထက်တောင် သေးငယ်တဲ့နေရာပေါ်မှာ ပုံဖော်ဖန်တီးပြခဲ့ပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ ဗန်ဂိုးပြတိုက် (နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ဖွင့်လှစ်ထား) နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗန်ဂိုးရဲ့ အကျော်ကြားဆုံး ပန်းချီကား ၃ ချပ်ကို နာရီထဲမှာ ပြန်လည်ဖန်တီးဖို့ Hammond Galleries က အေလင်ဒန်ကို အလုပ်အပ်နှံခဲ့တာပါ။

ဗြိတိန်အနုပညာရှင် အေလင်ဒန်က Starry Night၊ Sunflowers နဲ့ Self Portrait ပန်းချီကား ၃ ကားကို နာရီစက်ထဲက ဟန်ချက်ဘီးတွေပေါ်မှာ ဖန်တီးခဲ့တာပါ။ ရွှေ၊ ရွှေဖြူ၊ စိန်၊ မြ၊ ပတ္တမြား အစရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေအပြင် ကော်ဇောမျှင်၊ ကြွေထည်အပိုင်းအစ၊ အလွန်သေးငယ်တဲ့ ရောင်ခြယ်ပစ္စည်းတွေကို အသုံးပြုပြီး ၂ လအချိန်ယူ ဖန်တီးခဲ့ရတာပါ။ အစိတ်အပိုင်းလေးတွေက အလွန်သေးငယ်လွန်းတာကြောင့် ချောင်းတစ်ချက်ဆိုးတာ၊ နှာချေလိုက်တာနဲ့ အကုန်ပျက်စီးသွားမယ့် အခြေအနေမျိုးမှာ အထူးဂရုစိုက် အားထုတ်ခဲ့ရတယ်လို့ အေလင်ဒန်က ဆိုပါတယ်။

” လက်ငြိမ်အောင်ထိန်းဖို့နဲ့ အသက်မှန်မှန်ရှူဖို့က တကယ့်စိန်ခေါ်မှုတစ်ရပ်ပါပဲ။ နှလုံးခုန်နှုန်းကိုလည်း တတ်နိုင်သမျှနှေးအောင် ထိန်းထားရတာပါ။ အစိတ်အပိုင်းတစ်ခုခု ပျောက်သွားရင်လည်း အဏုမြူမှန်ပြောင်းနဲ့ နာရီပေါင်းများစွာ ရှာရပါသေးတယ်”လို့ အေလင်ဒန်က ပြောပါတယ်။

အေလင်ဒန်ကတော့ ဒီနာရီကို ကမ္ဘာ့ပထမဆုံး ဝတ်ဆင်နိုင်တဲ့ အနုပညာပြခန်းလို့ တင်စားထားပါတယ်။ Hammond Galleries ရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ အက်ဒ်ဝပ်ဟမ်မွန်ကတော့ ဒီနာရီကို ဝယ်ချင်သူရှိရင် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။