၁၉၀၃ ခုနှစ်မှာ ငှားရမ်းထားတဲ့စာအုပ်က နှစ်ပေါင်း ၁၁၉ နှစ်ကြာမှ စာကြည့်တိုက်ဆီ ပြန်ရောက်လာခဲ့

International News
၁၉၀၃ ခုနှစ်မှာ ငှားရမ်းထားတဲ့စာအုပ်က နှစ်ပေါင်း ၁၁၉ နှစ်ကြာမှ စာကြည့်တိုက်ဆီ ပြန်ရောက်လာခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၉၀၃ ခုနှစ်မှာ ငှားရမ်းထားတဲ့စာအုပ်က နှစ်ပေါင်း ၁၁၉ နှစ်ကြာမှ စာကြည့်တိုက်ဆီ ပြန်ရောက်လာခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၉၀၃ ခုနှစ်မှာ ငှားရမ်းထားတဲ့စာအုပ်က နှစ်ပေါင်း ၁၁၉ နှစ်ကြာမှ စာကြည့်တိုက်ဆီ ပြန်ရောက်လာခဲ့

မကြာသေးခင်ကမှ အနောက်ဗာဂျီးနီးယားတက္ကသိုလ်ရဲ့စာကြည့်တိုက်က အခြားကနေ လှူဒါန်းတဲ့စာအုပ်တွေ လက်ခံရရှိခဲ့တယ်။ အဲဒီစာအုပ်တွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၉ နှစ်ကျော်က အခြားစာကြည့်တိုက်တစ်ခုကနေ ငှားရမ်းထားတဲ့ စာအုပ်တစ်အုပ်ပါလာခဲ့ပါတယ်။ အဲဒီတုန်းက ငှားရမ်းတဲ့သူက ဒီစာအုပ်ကို ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စာကြည့်တိုက်ကို ပြန်အပ်ခဲ့ရမှာပါ။ ဒါပေမဲ့ ငှားရမ်းတဲ့သူက ပြန်မအပ်ဖြစ်ဘဲ အခုအချိန်ထိ ကြာသွားခဲ့တဲ့ပုံပါပဲ။

အဲဒီစာအုပ်က ဂျိမ်းစ် မက်စ်ဝဲ ရေးသားခဲ့တဲ့ “An Elementary Treatise on Electricity” အမည်ရတဲ့ စာအုပ်ဖြစ်ပြီး New Bedford Free Public Library ကပိုင်တာပါ။ ဒီစာအုပ်မှာ စာကြည့်တိုက်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာ ညွှန်ပြနေတဲ့ အငှားဖြတ်ပိုင်းစတစ်ကာပါရှိပါတယ်။ ၁၈၇၉ ခုနှစ်က ပထမဆုံးမီးသီးတီထွင်ပြီးနောက် ၃ နှစ်အကြာမှာ ဒီစာအုပ်ကို ထုတ်ဝေခဲ့တာပါ။

လှူဒါန်းထားတဲ့စာအုပ်တွေထဲမှာ ဒီစာအုပ်ကို စာကြည်တိုက်မှူး စတီးဝပ် ပလိန်းက တွေ့ရှိခဲ့ပြီး New Bedford Free Public Library ကို ဆက်သွယ်ကာ ပြန်ပေးခဲ့ပါတယ်။ New Bedford Free Public Library ကလည်း ပြန်ရလာတဲ့ စာအုပ်ပုံတွေနဲ့အတူ “ရက်လွန်နေတဲ့စာအုပ်ကို ပြန်အပ်ဖို့ ဘယ်တော့မှ အရမ်းနောက်မကျပါဘူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်ခ်မှာ ဇွန်လ ၂၂ ရက်နေ့က တင်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။