အမြစ်ကိုရေလောင်းပါ

Astrology
အမြစ်ကိုရေလောင်းပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြစ်ကိုရေလောင်းပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမြစ်ကိုရေလောင်းပါ

သစ်ပင်တပင်ရဲ့ အမြစ်ကို ရေမှန်မှန်လောင်းရင် အညွန့်တွေဝေဖြာပြီး ပင်စည်ကြီးထွားမယ် ဒီလိုပဲ နေ့ရနေ့သားသမီးတွေဟာ မိမိမွေးနံအမြစ်ကိုရေလောင်းပေးရင် မိမိဘဝအညွန့်တိုးတက်ပြီး မိမိကြီးပွားချမ်းသာမယ် စည်ပင်ဝပြောလာလိမ့်မယ်။

နေ့ရနေ့သားသမီးတွေရဲ့ အမြစ် အညွန့်တွေကတော့
မွေးနံ အမြစ် အညွန့်
၁နွေ စနေ ၂လာ်
၂လာ် ၁နွေ ၃ဂ်ါ
၃ဂ်ါ ၂လာ် ၄ဟူး
၄ဟူး ၃ဂ္ါ ၅ေတး
၅ေတး ၄ဟူး ၆ၾကာ
၆ၾကာ ၅ေတး စေန
စနေ ၆ကြာ ၁နွေ

နေ့ရနေ့ရဲ့ အမြစ် အညွန့်ကိုသိပြီဆိုရင် မိမိမွေးနံရဲ့ အမြစ်နံကို ရေလောင်းပေးပေါ့ ရေလောင်းဆိုတာ မိမိမွေးနံရဲ့ အမြစ်နံကို ရေတွေနဲ့”ဗွမ်း””ကနဲလောင်းခိုင်းတာမဟုတ်ဘူး၊ မိမိရဲ့အမြစ်နံကို ပံ့ပိုးပေးခိုင်းတာ အဲ့ဒါဆိုရင် အမြစ်နံအားကောင်းလာပြီး အညွန့်နံတက်လာမယ် စီးပွားရေး ဘဝအညွန့်တက်လာမှာပေါ့ ဒါဆိုရင် မိမိလည်းစည်ပင်ဝပြောလာမယ် အဆင်ပြေမူတွေတိုးပွားလိမ့်မယ်ပေါ၊

၁နွေသားဆိုရင် မိမိမွေးနံအမြစ်ဖြစ်တဲ့ စနေနံကို ပံပို့ပေးပေါ့ စနေနံသင့် နွားကိုအစာကြွေးပါ ၊ဆင်းရဲချို့တဲ့သူကို ကြွေးမွေး၊

၂လာ်သားဆိုရင် ဖခင်သို့မဟုတ် အဖကဲ့သို့အားကိုးရသူကို ကူညီထောက်ပံ့ပေး၊

၃ဂ်ါသားဆိုရင် ခွေး ခို ကြက် ငါး အစာကြွေး၊

၄ဟူးသားဆိုရင် ဆိတ် စာလေး အစာကြွေး၊

၅တေးသားဆိုရင် ဝက်ကိုအစာကြွေး သားသမီးအရွယ်ခလေးငယ်ကို မုန့်ကြွေး၊

၆ကြာသားဆိုရင် မြင်း ဘဲ အစာကြွေး ဘုန်းကြီးရဟန်းတော်တွေကို လှုဒါန်း၊စနေသားဆိုရင် သီလရှင်ကို လှူဒါန်း၊တပါတ်တခါ မိမိမွေးနေ့တိုင်းမှာ မှန်မှန်လုပ်ကြည့်ပါ သိသာထင်ရှားလာပါလိမ့်မယ် မိမိအခြေအနေတိုးတက်ပွားစီးလာပါလိမ့်မယ်၊အမြစ်ကိုရေလောင်းပါဆိုတာ တခြားသောဆရာတွေရဲ့ပညာဖြန့်ဝေမူ့ကို ကျနော်ဖတ်မိလိုက်လို့
ကျနော်လည်း မျိုးဆက်သစ်တွေအတွက် ဆက်လက်ပြီး ပညာလက်ဆင့်ကမ်းပေးလိုက်တာပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။