ရသေ့ကျော်ရက်

Astrology
ရသေ့ကျော်ရက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရသေ့ကျော်ရက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရသေ့ကျော်ရက်

ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်မှာ မင်္ဂလာရှိတဲ့ရက်တွေအနက် “#ရသေ့ကျော်ရက်”ဟာလည်း အပါအဝင် ဖြစ်ပါတယ် ။

မြန်မာလတစ်လမှာ ရသေ့ကျော်ရက်(၂)ရက်ရှိပါတယ် ။

ရသေ့ကျော်ရက်ရဲ့ ထူးခြားချက်က မကောင်းတဲ့ရက်ဆိုးရက်ညံ့တွေနဲ့ မြေခံဆိုးရက်တွေတိုက်ဆိုင်နေခဲ့ရင်လည်း မင်္ဂလာအခါပေးလို့ရတဲ့ရက်မြတ်ရက်ကောင်း ဖြစ်နေခြင်းပါပဲ ။

မြန်မာလ တစ်လချင်းစီမှာရှိတဲ့ ရသေ့ကျော်ရက်(ပုံသေရက်)တွေကို မိတ်ဆွေတွေအတွက်ဝေမျှပေးလိုက်ပါတယ် ။ ကောင်းမွန်မှန်ကန်တဲ့မင်္ဂလာကိစ္စအဝဝ ပြည့်စုံအောင်မြင်နိုင်ကြပါစေ ။

တန်ခူးလဆန်း၊လပြည့်ကျော်(၇)ရက်။
ကဆုန်လဆန်း၊လပြည့်ကျော်(၈)ရက်။
နယုန်လဆန်း၊လပြည့်ကျော်(၉)ရက်။
ဝါဆိုလဆန်း၊လပြည့်ကျော်(၁၀)ရက်။
ဝါခေါင်လဆန်း၊လပြည့်ကျော်(၇)ရက်။
တော်သလင်းလဆန်း၊လပြည့်ကျော်(၈)ရက်။
သီတင်းကျွတ်လဆန်း၊လပြည့်​ကျော်(၉)ရက်။
တန်ဆောင်မုန်းလဆန်း၊လပြည့်ကျော်(၁၀)ရက်။
နတ်တော်လဆန်း၊လပြည့်ကျော်(၇)ရက်။
ပြာသိုလဆန်း၊လပြည့်ကျော်(၈)ရက်။
တပိုတွဲလဆန်း၊လ ပြည့်ကျော်(၉)ရက်။
တပေါင်းလဆန်း၊လပြည့်ကျော်(၁၀)ရက်။

ဒီနေ့မှာဒါတွေရှောင်ပါ

တနင်္ဂနွေနေ့မှာမြေလုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တွေကိုရှောင်ပါ။

တနင်္လာနေ့မှာလယ်ယာမြေထွန်ယက်စိုက်ပျိုးတာ၊ပျိုးကြဲတာ၊ကောက်စိုက်တာတွေရှောင်ပါ။

အင်္ဂါနေ့မှာမီးဖိုဆောက်လုပ်ပြုပြင်တာရှောင်ပါ။

ဗုဒ္ဓဟူးနေ့မှာအိမ်ပြင်ဆောက်လုပ်ခြင်းကိုရှောင်ပါ။

ကြာသပတေးနေ့မှာစပါးကိုကျီသွင်းတာ၊ဂိုထောင်ထဲထည့်တာ၊ကွန်တွန်နာထဲထည့်တာမျိုးများကိုရှောင်ပါ။

သောကြာနေ့မှာရေတွင်းရေကန်တူးဖော်တာကိုရှောင်ပါ။

စနေနေ့မှာခရီးသွားတာရှောင်ကြဥ်ပါ။

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။