ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေကို ပြန်လည်တမ်းတမိကြောင်းပြောပြခဲ့တဲ့ စွမ်းဇာနည်

Celebrity Local News
ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေကို ပြန်လည်တမ်းတမိကြောင်းပြောပြခဲ့တဲ့ စွမ်းဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေကို ပြန်လည်တမ်းတမိကြောင်းပြောပြခဲ့တဲ့ စွမ်းဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေကို ပြန်လည်တမ်းတမိကြောင်းပြောပြခဲ့တဲ့ စွမ်းဇာနည်

ပရိသတ်ကြီးရေ စွမ်းဇာတ်သဘင် ဆိုရင်တော့ မြန်မာ့ဇာတ် သဘင်ကို ချစ်မြတ်နိုးသူတိုင်း သိကြမှာပါပဲနော်။ ဇာတ်သဘင် လောကမှာဆိုရင် လူသိများနာမည်ကြီးခဲ့တဲ့ အဖွဲ့များရှိတဲ့ အနက် စွမ်းရဲ့ဇာတ်သဘင်ဟာလဲ အားလုံးကကြိုက်နှစ်သက်ခဲ့ ကြရပါတယ်။

ပါးချိုင့်လေးနဲ့ အသားဖြူဖြူမင်းသားချော စွမ်းကို တော့ နယ်ပရိသတ်တွေနဲ့ ဇာတ်သဘင်ချစ်သူတိုင်း အသည်းစွဲချစ် ကြရပါတယ်။မင်းသား စွမ်း ဟာ ဇာတ်သဘင်လောကမှာ အောင်မြင်သကဲ့သို့ ရုပ်ရှင်လောကမှာလဲ မင်းသားအဖြစ် ထပ်မံပြီး အောင်မြင်မှု့တွေရရှိခဲ့ပြန်ပါတယ်။

ဒီလိုအောင်မြင်မှု့တွေ ရရှိနေတဲ့အချိန်မှာ စွမ်း ကတော့ မှုးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲခဲ့ပြီး မလိုလားအပ်တဲ့ ပြ သာနာများစွာရှိခဲ့ပါတယ်။ဒါကြောင့်လဲ စွမ်း ဟာ လူကိုပျက် ဆီးစေတဲ့ မှုးယစ်ဆေးဝါးကို စွန့်လွှတ်ခဲ့ပြီးတော့ လက်ရှိမှာ ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါတယ်။အနုပညာလှုပ်ရှားမှု တွေ မရှိတော့တဲ့ စွမ်း ကတော့ ပရိသတ်တွေကို လွမ်းနေပြီ အရင်တုန်းက အောင်မြင်ခဲ့တဲ့အချိန်တွေကို လွမ်းမိနေတဲ့ အကြောင်းကို” အရင်အချိန်လေးတွေ ပြန် လွမ်းမိတယ်…ချစ် သောပရိတ်သတ်ကြီးကိုလည်း လွမ်းနေမိတယ် ဗျာ…” လို့ စွမ်းဇာနည်ရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။