မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးတွေနဲ့ပျော်ရွှင်စွာဆော့ကစားရင်း အဓိပ္ပါယ်ရှိတဲ့နေ့လေးကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

Celebrity Local News
မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးတွေနဲ့ပျော်ရွှင်စွာဆော့ကစားရင်း အဓိပ္ပါယ်ရှိတဲ့နေ့လေးကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးတွေနဲ့ပျော်ရွှင်စွာဆော့ကစားရင်း အဓိပ္ပါယ်ရှိတဲ့နေ့လေးကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးတွေနဲ့ပျော်ရွှင်စွာဆော့ကစားရင်း အဓိပ္ပါယ်ရှိတဲ့နေ့လေးကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

ပရိသတ်ကြီးရေ… နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီသုံးဆုရှင်တစ်ယောက်အဖြစ်အနုပညာလောကမှာ အောင်မြင်သူဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ဟာ လတ်တလောမှာ ဇာတ်ကားတွေမရိုက်ကူးဖြစ်ပဲ ပွဲ တက်တွေကိုသာ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေး တွေနဲ့ ပျော်ရွှင်စွာဆော့ကစားရင်း အဓိပ္ပာယ်ရှိတဲ့နေ့ လေးကို ကုန်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ကြည့်ရှုပြီး ကြည်နူးမှုတွေကူးစက်သွားမယ်လို့ ထင်ပါ တယ်နော်။

realme ဖုန်းအမှတ်တံဆိပ်ရဲ့ Brand Ambassador အဖြစ် ဆောင်ရွက်နေတဲ့ ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လည်း realme ရဲ့ REALHOPE အစီအစဉ်မှာ ပထမဆုံး အနေနဲ့ မိဘမဲ့ကလေးလေးတွေကို ကူညီထောက်ပံ့ဖို့ မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို သိန်း၁၆၀ လှူဒါန်းတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဝတ် မှုံရွှေရည်က မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှာ ရှိတဲ့ ကလေးလေးတွေ နေထိုင်ဖို့ အဆောက်အဦး ပြုပြင်ပေးတာ၊ စာသင်ကြားရေးမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေနဲ့ ကလေးတွေ IQ Development အတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တဲ့အလှူ လေးလုပ်ခဲ့ပြီး သူမအနေနဲ့ ကလေးလေးတွေနဲ့ ဆုံခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ကစ်အတွက် အဓိပ္ပာယ်ရှိစွာ ကုန်ဆုံးခဲ့ရတဲ့နေ့လေးတစ်နေ့ပေါ့ ” သူတို့လေးတွေ ရဲ့ရိုးသားမှုနဲ့ ဖြူစင်မှုတွေက မြင်ရသူကို ပျော်ရွှင် အေးချမ်းစေတာမျိုးလေ..။” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။