ကမ္ဘာ့ပထမဆုံး သွားပြန်ပေါက်စေတဲ့ ဆေးဝါးကို လူသားတွေမှာ စမ်းသပ်နေ

International News
ကမ္ဘာ့ပထမဆုံး သွားပြန်ပေါက်စေတဲ့ ဆေးဝါးကို လူသားတွေမှာ စမ်းသပ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ပထမဆုံး သွားပြန်ပေါက်စေတဲ့ ဆေးဝါးကို လူသားတွေမှာ စမ်းသပ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး သွားပြန်ပေါက်စေတဲ့ ဆေးဝါးကို လူသားတွေမှာ စမ်းသပ်နေ

ကမ္ဘာ့ပထမဆုံး သွားပြန်ပေါက်စေတဲ့ ဆေးဝါးကို လူသားတွေမှာ စမ်းသပ်မှုပြုလုပ်နေပြီ ဖြစ်ပါတယ်။ ကျိုတိုတက္ကသိုလ်မှာ အဆင့်မြင့်သွားဘက်ဆိုင်ရာ ပညာရပ် သင်ယူနေတဲ့ ဂျပန်နိုင်ငံသား ကတ်ဆုတာကာဟရှိက ဘွဲ့လွန်စာတမ်းပြုစုရင်း ကြွက်တွေရဲ့ မျိုးဗီဇပရိုတိန်း ကူးလူးဆက်သွယ်မှုကို ခွဲခြားရင်း ဒီနည်းလမ်းကို တွေ့ရှိခဲ့တာပါ။
အဲဒီ ပဋိဆေးဝါးဟာ သွားပုံစံ မမှန်ဘဲ မွေးဖွားလာတဲ့ ကြွက်တွေ၊ မြွေပါတွေမှာ သွားပေါက်လာစေတာ တွေ့ရှိခဲ့ပြီးနောက် လူသားတွေမှာ စမ်းသပ်မှုလုပ်နေတာ ဖြစ်ပါတယ်။

လူသားတွေဟာ ငယ်သွား ကျိုးသွားပြီး ဒုတိယမြောက် သွားတစ်ချောင်း ပြန်ပေါက်လေ့ရှိပေမဲ့ ကမ္ဘာပေါ်က တခြားသက်ရှိမျိုးစိတ်တွေလို သွားဆက်တိုက် ပေါက်ခြင်းတော့ မရှိပါဘူး။ ဒီဆေးဝါးကြောင့် တတိယအကြိမ် သွားပြန်ပေါက်လာမယ်ဆိုရင်တော့ သွားဘက်ဆိုင်ရာ ဆေးလောကအတွက် ထူးခြားတဲ့ ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်လာစေမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။