စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ဆက်စပ်မှုရှိနေတဲ့ ရင်ဘတ်နာကျင်ခြင်းလက္ခဏာ (၅) ရပ်

Health Knowledge
စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ဆက်စပ်မှုရှိနေတဲ့ ရင်ဘတ်နာကျင်ခြင်းလက္ခဏာ (၅) ရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ဆက်စပ်မှုရှိနေတဲ့ ရင်ဘတ်နာကျင်ခြင်းလက္ခဏာ (၅) ရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ဆက်စပ်မှုရှိနေတဲ့ ရင်ဘတ်နာကျင်ခြင်းလက္ခဏာ (၅) ရပ်

ရင်ဘတ်နာကျင်ခြင်းက လူတိုင်းကြုံတွေ့နေရတဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါပဲ။ အဲဒီလို ခဏခဏဖြစ်လာရင် နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့အတွက် ထိတ်လန့်ပူပန်ကြရပါတယ်။ ရင်ဘတ်ထဲကနေ စူးကနဲနာကျင်သလို ခံစားရတာနဲ့ နှလုံးရောဂါများဖြစ်နေပြီလာလို့ တွေးမိကြမှာပါ။

ရင်ဘတ်နာကျင်တိုင်းလည်း နှလုံးမှာ ပြဿနာရှိနေတယ်လို့ ပြောလို့မရပါဘူး။ ရာသီမလာခင်မှာလည်း ရင်ဘတ်နာကျင်ခံစားရနိုင်သလို လေးလံတဲ့ပစ္စည်းတစ်ခုခုကို မတဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေရဲ့ လက္ခဏာရပ်ကလည်း ရင်ဘတ်နာကျင်ခြင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ ရင်ဘတ်နာကျင်ခြင်းလက္ခဏာရပ်တွေက ဘာတွေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

၁ သင်က အရမ်းကို ထိတ်လန့်တုန်လှုပ်နေရင်

အရမ်းထိတ်လန့်တုန်လှုပ်သွားတဲ့အခါ ရင်ဘတ်နာကျင်တာက စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်ပါတယ်။ တစ်ခုခုကြောင့် ထိတ်လန့်သွားတာက ရင်ဘတ်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ လူတွေက ရင်ဘတ်နာကျင်တယ်ဆိုပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်တဲ့အခါ နှလုံးရောဂါကြောင့် နာကျင်တာမဟုတ်တာကို တွေ့တွေ့နေရပါတယ်။

၂ မူးဝေသလိုခံစားရပြီး ချွေးပြန်ခြင်း

လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် ရင်ဘတ်နာကျင်ခြင်းကို ခံစားရတဲ့အခါ အဆက်မပြတ်ချွေးထွက်တာ၊ တုန်ယင်တာ၊ အသက်ရှုမဝတာ၊ မူးဝေတာ၊ ထုံကျင်တာတွေလို့ လက္ခဏာရပ်တွေကိုလည်း တွေ့ကြုံရနိုင်ပါတယ်။

၃ အချိန်ခဏလေး ရင်ဘတ်နာကျင်ခြင်း

စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်နာကျင်ခြင်းက (၁၀) မိနစ်ထက်ပိုပြီး မကြာပါဘူး။ မိနစ်အနည်းငယ်အတွင်းမှာ နာကျင်ခြင်းက လျင်လျင်မြန်မြန်နဲ့ ပျောက်သွားတတ်ပါတယ်။ နှလုံးရောဂါကြောင့်ဆိုရင် ရင်ဘတ်နာကျင်တာက နည်းနည်းနာကျင်လာပြီး တဖြည်းဖြည်းနဲ့ ပိုပြီးနာကျင်လာတာဖြစ်ပါတယ်။

၄ စိုးရိမ်ပူပန်မှုကြောင့် နာကျင်မှုက ရင်ဘတ်မှာပဲ နာကျင်တာပါ

စိုးရိမ်ပူပန်မှုကြောင့် နာကျင်မှုက ရင်ဘတ်ထဲမှာပဲ ခံစားရတာဖြစ်ပါတယ်။ နှလုံးရောဂါကြောင့် ရင်ဘတ်နာကျင်တာက နှလုံးက စပြီး နာကျင်ပါတယ်။ အဲဒီနောက်မှ မေးရိုး၊ ပခုံး၊ လက်မောင်းတွေလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။

၅ ရင်ဘတ်ဘယ်ဖက်ခြမ်းမှာ နာကျင်ခြင်း

ကျွန်တော်တို့ရဲ့နှလုံးက ခန္ဓာကိုယ်ရဲ့ဘယ်ဖက်မှာရှိပြီး အဲဒီနေရာမှာ နာကျင်သလိုခံစားရတာပါ။ အဲဒီလိုနာကျင်မှုက နှလုံးရောဂါကြောင့်ဖြစ်ရတာပါ။ တချို့အခြေအနေမှာဆိုရင် ရင်ဘတ်အလယ်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အခြားနေရာမှာ နာကျင်သလိုခံစားရရင် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်နာကျင်တာက သာမန်ပါပဲ။ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ တစ်ခါတရံ လူတွေက ရုပ်ပိုင်းဆိုင်ရာပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြားက နာကျင်မှုကို ရှုပ်ထွေးနိုင်ပါတယ်။ ဒါကြောင့် ရင်ဘတ်နားမှာ ပြင်းပြင်းထန်ထန်နာကျင်သလိုခံစားရရင် ရောဂါစစ်ဆေးကြည့်တာအကောင်းဆုံးပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။