လွမ်းရတဲ့နေ့ရက်တွေကိုကျော်လွန်ပြီး ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မေပန်းချီ

Celebrity Local News
လွမ်းရတဲ့နေ့ရက်တွေကိုကျော်လွန်ပြီး ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မေပန်းချီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွမ်းရတဲ့နေ့ရက်တွေကိုကျော်လွန်ပြီး ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မေပန်းချီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွမ်းရတဲ့နေ့ရက်တွေကိုကျော်လွန်ပြီး ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မေပန်းချီ

ပရိသတ်ကြီးရေ… ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်ဖြစ်တဲ့ မေပန်းချီကတော့ စကားပြော သွက်လက်ချက်ချာသူလေးတစ်ယောက်ဖြစ် တာကြောင့် လူချစ်လူခင်များတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မေပန်းချီဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားကာ အွန်လိုင်း LiveSale တွေကိုပဲ ရောင်းချပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ မေပန်းချီဟာ မနေ့က ဇူလိုင်လ (၇) ရက်နေ့မှာ တော့ ပြန်လည် လွတ်မြောက်လာပြီး အားလုံးနဲ့ ပြန်ဆုံ ဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မေပန်းချီက ဒီကနေ့မှာတော့ သူမရဲ့ ပုံရိပ်လေးကို မျှဝေလာပြီး “လွမ်းရတဲ့ ရက်တွေ” ဆိုပြီး ပရိသတ်တွေအားလုံးကို လွမ်းတဲ့အကြောင်းကို ပြောလာပါတယ်။

မေပန်းချီကတော့ အားလုံးနဲ့ ပြန်လည်ဆုံတွေ့ရပြီဖြစ်ပြီး မကြာခင်မှာလည်း အလုပ်တွေလုပ်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်းမေပန်းချီအလုပ်တွေ ပြန်လုပ်တဲ့အခါ ဆက်လက်ပြီးအားပေးဝန်းရံပေးကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။