စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရှယ်ယာငွေများ တိုးမြှင့်ထည့်ဝင်ကြရေး စည်းရုံး ဆောင်ရွက်ရန် စစ်တပ်အတွင်း အမိန့်ထုတ်ထား၊ အမြတ်ငွေပုံမှန် မရ၍ အရာရှိနှင့်စစ်သည်များ မထည့်လိုကြ

Local News

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရှယ်ယာငွေများ တိုးမြှင့်ထည့်ဝင်ကြရေး စည်းရုံး ဆောင်ရွက်ရန် စစ်တပ်အတွင်း အမိန့်ထုတ်ထား၊ အမြတ်ငွေပုံမှန် မရ၍ အရာရှိနှင့်စစ်သည်များ မထည့်လိုကြ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရှယ်ယာငွေများ တိုးမြှင့်ထည့်ဝင်ကြရေး စည်းရုံး ဆောင်ရွက်ရန် စစ်တပ်အတွင်း အမိန့်ထုတ်ထား၊ အမြတ်ငွေပုံမှန် မရ၍ အရာရှိနှင့်စစ်သည်များ မထည့်လိုကြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအတွက် စစ်တပ် ထိပ်ဆုံးခေါင်းဆောင်မှ စ၍ အောက် ခြေတပ်သားများအထိ အစုရှယ်ယာငွေများတိုးမြှင့်ထည့်ဝင်ကြရေး စည်းရုံး ဆောင်ရွက်ရန် စစ်တပ်အတွင်း အမိန့်ထုတ်ထားကြောင်းသိရှိရသည်။
စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိ/စစ်သည်များအနေဖြင့် ဦးပိုင်ကုမ္ပဏီ ထည့်ဝင်ငွေများကို တိုးမြှင့်ထည့်သွင်းကြရန်ဟု စစ်တပ်အတွင်း အမိန့်ထုတ်ထားသော်လည်း လက်ရှိတွင် ဦးပိုင်က အမြတ်ငွေ အတိုးပင် မှန်မှန် မပေးနိုင်တော့သည့်အခြေအနေဖြစ်နေ၍ အရာရှိနှင့်စစ်သည်များက ဦးပိုင်တွင် အစုရှယ်ယာငွေ ထပ်တိုးမထည့်လိုကြကြောင်း သိရှိရသည်။
“ကျနော်တို့ အမြတ်ငွေက ပုံမှန်မရဘူး။ အမြတ်ရတာကလည်း ၆ လချန်တာမျိုး။ ချန်ထားရင်းနဲ့ နောက်ထပ် ၁ နှစ်ပြည့်၊ ၁ နှစ်ပြည့်တော့လည်း အမြတ်မရ အဲဒီလိုတွေဖြစ်နေတာ။ ထည့်သလောက်လည်း အကျိုးအမြတ်က မသေချာဘူး။ ကိုယ်က အိတ်စိုက် ထည့်နေရသလိုဖြစ်နေတယ်။ အရာရှိကြီးတွေနဲ့ ဗိုလ်ချုပ်အဆင့်တွေကတော့ ထည့်နိုင်တာပေါ့။ အောက်ခြေတပ်သားကတော့ ဒီလောက်လစာနဲ့တော့ အစုရှယ်ယာကို ထပ်တိုး မထည့်နိုင်ဘူး” ဟု တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
ဦးပိုင်ကုမ္ပဏီတွင် ဗိုလ်ချုပ်နှင့်အထက် အရာရှိကြီးများအနေဖြင့် ဦးပိုင်အစုရှယ်ယာထည့်ငွေ သိန်း ၁၀၀ ၊ ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ်အထိ ဦးပိုင်အစုရှယ်ယာ သိန်း ၅၀ ၊ ဒုတိယဗိုလ်မှ ဗိုလ်မှူးအထိ သိန်း ၃၀ ၊ တပ်သားမှ အရာခံဗိုလ်အထိ အစုရှယ်ယာထည့်ဝင်ငွေ ၁၅ သိန်း တိုးမြှင့် ထည့်ဝင်ကြရေး စည်းရုံးဆောင်ရွက်ရန် စစ်တပ်က အမိန့်ထုတ်ထားခြင်းဖြစ်သည်။


လက်ရှိတွင် ဦးပိုင်တွင် မြန်မာဘီယာလုပ်ငန်းမှ ဝင်ငွေကျဆင်းခြင်း၊ Mytel ဆက်သွယ်ရေးလုပ်ငန်းမှလည်း အမြတ်ငွေ ထင်သလောက်မရခြင်း၊ အခြားသော အဓိက ဦးပိုင် စီးပွား‌ရေးလုပ်ငန်းများမှာလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း၊ သပိတ်မှောက်ခံနေရခြင်းတို့ကြောင့် အမြတ်ငွေ အလွန်နည်းပါးနေပြီး အတိုးအမြတ်ဝေစု ပေးရန် အခက်အခဲရှိနေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။