Deadpool 3 ရုပ်ရှင်ရိုက်ကွင်းမှ ထွက်ရှိလာတဲ့ မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ဟုဂျက်မန်း ရဲ့ပုံရိပ်များ

Celebrity International News
Deadpool 3 ရုပ်ရှင်ရိုက်ကွင်းမှ ထွက်ရှိလာတဲ့ မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ဟုဂျက်မန်း ရဲ့ပုံရိပ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Deadpool 3 ရုပ်ရှင်ရိုက်ကွင်းမှ ထွက်ရှိလာတဲ့ မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ဟုဂျက်မန်း ရဲ့ပုံရိပ်မျာ းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Deadpool 3 ရုပ်ရှင်ရိုက်ကွင်းမှ ထွက်ရှိလာတဲ့ မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ဟုဂျက်မန်း ရဲ့ပုံရိပ်များ

မင်းသား ရိုင်ယန်ရေးနိုးလ် ပါဝင်သရုပ်ဆောင်ထားတဲ့ (၃) ကားမြောက် Deadpool ဇာတ်ကားဟာ ရိုက်ကူးရေးစတင်နေပါပြီ။ အခု ဗြိတိန်မှာ ရိုက်ကူးနေပြီး Deadpool ဇာတ်ကောင် အနီရောင်ဝတ်စုံနဲ့ ရိုင်ယန်ကို မြင်တွေ့ရပါတယ်။ ဇာတ်ကားရိုက်ကွင်းက ရိုင်ယန်ရဲ့ပုံရိပ်တွေက ထွက်ရှိလာခဲ့တာပါ။

ပထမဆုံးထွက်ရှိလာတဲ့ ရိုင်ယန်ရဲ့ရိုက်ကွင်းပုံရိပ်တွေက ထင်သာမြင်သာရှိပြီး အနီးကပ်ပုံရိပ်တွေလည်းပါဝင်ပါတယ်။ သူ့ရဲ့စတန့်သမားကတော့ မျက်နှာအုပ်ထားနေစဉ်မှာ ရိုင်ယန်ကတော့ သူ့ရဲ့မျက်နှာကို ဖော်ထားပါတယ်။

ရိုင်ယန်ရဲ့ Deadpool 3 မှာတော့ မင်းသားဟုဂျက်မန်းရဲ့ Wolverine ဇာတ်ကောင်ကိုလည်း မြင်တွေ့ရမှာပါ။ Deadpool ဇာတ်ကောင်နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက ဒီဇာတ်ကားမှာ မျက်လုံးချင်းဆုံလို့မရအောင် တစ်ယောက်နဲ့တစ်ယောက်မုန်းကြတယ်လို့ ဟုဂျက်မန်းက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

အပြင်မှာ ရိုင်ယန်နဲ့ ဂျက်မန်းတို့က အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့အတွက် ပရိသတ်တွေက ဇာတ်ကားထဲမှာ သူတို့နှစ်ဦးကို အတူမြင်တွေ့ရဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။

Deadpool3 ကို ဒါရိုက်တာ Shawn Levy က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။