ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း ကြေးရုပ်တုတွေနဲ့ ရွှေဒင်္ဂါးအများအပြား တွေ့ရှိ

International News
ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း ကြေးရုပ်တုတွေနဲ့ ရွှေဒင်္ဂါးအများအပြား တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း ကြေးရုပ်တုတွေနဲ့ ရွှေဒင်္ဂါးအများအပြား တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း ကြေးရုပ်တုတွေနဲ့ ရွှေဒင်္ဂါးအများအပြား တွေ့ရှိ

အီတလီနိုင်ငံမှာ ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း သမိုင်းတစ်လျှောက် အံ့အားသင့်စရာ အကောင်းဆုံး တွေ့ရှိမှုအဖြစ် လက်ရာမပျက်ရှိနေတဲ့ ကြေးရုပ် ၂၄ ရုပ်နဲ့ ရိုမန်ခေတ် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးနဲ့ ကြေးဒင်္ဂါး ၅၀၀၀ ကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။
ဆီနာမြို့ တက်စကန်တောင်စောင်းမှာရှိတဲ့ ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

ရွှံနွံထဲမှာ မြုပ်နေတာဖြစ်ပြီး အောက်ဆီဂျင်မရှိတဲ့ အနေအထားဖြစ်လို့ ကြေးရုပ်တွေက အညှိမတက်တာကြောင့် အစိမ်းရောင်ပြောင်းနေခြင်း မရှိပါဘူး။
အခုတွေ့ရှိရတဲ့ ကြေးရုပ်တွေ၊ ဒင်္ဂါးပြားတွေဟာ တက်စကန်နီမှာ မငြိမ်သက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဘီစီ ၂၀၀ ရီပတ်ဗလစ်ကန်ကာလက ဖြစ်ပါတယ်။ အဲဒီကာလမှာ ရိုမန်တွေဟာ သူတို့ထက် ရှေးကျတဲ့ Etruscan တွေထဲ ပေါင်းစည်းဝင်ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။

အခု တူးဖော်ခဲ့တဲ့ မြေနေရာဟာ တချိန်တုန်းက Etruscan တွေ နေထိုင်ရာဖြစ်ပြီး အဲဒီရေချိုးခန်းတွေကလည်း Etruscan တွေ အရင်ဆုံး အသုံးပြုခဲ့ကြတာပါ။ နောက်ပိုင်းမှာ ရိုမန်တွေက ဆက်ခံအသုံးပြုခဲ့တာပါ။

ဒါဟာ အီတလီသမိုင်းမှာ Etruscan နဲ့ ရိုမန်ခေတ် လက်ရာတွေ့ရှိမှုတွေအနက် ထပ်တူမရှိနိုင်တော့ အကြီးမားဆုံးတွေ့ရှိမှုတစ်ရပ် ဖြစ်တယ်လို့ တူးဖော်ရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပြည်ပတက္ကသိုလ်ရဲ့ သမိုင်းပညာရှင် တာဘိုလီက ဆိုပါတယ်။
ရုပ်တုတွေထဲမှာ အပိုလို၊ (ဂရိတွေရဲ့ ကျန်းမာရေး နတ်ဘုရားမ ဖြစ်တဲ့) Hygieia တို့ရဲ့ ရုပ်တုတွေ ပါဝင်ပါတယ်။ ရုပ်တုတွေက လက်ရာမပျက် ရှိနေတာကြောင့် ရုပ်တုပေါ်မှာ ရေးထွင်းထားတဲ့ Etruscan နဲ့ လက်တင်ဘာသာစကားတွေကိုလည်း အကောင်းအတိုင်း မြင်တွေ့ရပါတယ်။

အခုတူးဖော်တွေ့ရှိရတဲ့ ပစ္စည်းတွေကို ပြတိုက်မပို့ခင် ဂရော့ဆက်တိုမြို့မှာရှိတဲ့ ထိန်းသိမ်းရေးစင်တာထံ ပို့ဆောင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။