ဘရာဇီးအကျဉ်းထောင်တွေမှာ စာဖတ်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ခံစားခွင့်ပေး

International News
ဘရာဇီးအကျဉ်းထောင်တွေမှာ စာဖတ်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ခံစားခွင့်ပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘရာဇီးအကျဉ်းထောင်တွေမှာ စာဖတ်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ခံစားခွင့်ပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘရာဇီးအကျဉ်းထောင်တွေမှာ စာဖတ်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ခံစားခွင့်ပေး


ဘရာဇီးနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ စာအုပ်တစ်အုပ်ဖတ်ပြီး စာအုပ်အကြောင်း ပြန်ရေးပြနိုင်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ၄ ရက်အထိ သတ်မှတ်ပေးပြီး တစ်နှစ်ကို လျှော့ရက် ၄၈ ရက်အထိ ခံစားခွင့် ပြုထားပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှု အထူပြောဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဘရာဇီးအကျဉ်းထောင်တွေထဲမှာ အန္တရာယ်အရှိဆုံးလူတွေ ရှိနေပါတယ်။

အကျဉ်းသားအများစုဟာ ဆင်းရဲနွမ်းပါးပြီး ပညာရေးချို့တဲ့တဲ့ အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသူတွေ ဖြစ်လို့ အကျဉ်းသားတွေ ပညာရေးနဲ့ ထိတွေ့ခွင့် ရစေဖို့၊ ထောင်ကလွတ်ရင် ရာဇဝတ်မှုတွေ ထပ်မကျူးလွန်စေဖို့ ရည်ရွယ်ပြီး ဘရာဇီးအစိုးရက အခုလို ဥပဒေပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာလည်း အကျဉ်းသားတွေ စာဖတ်နိုင်စေဖို့ စီစဉ်ပေးထားပြီး ထောင်ထဲမှာတင် ဘွဲ့ယူလို့ရအောင် ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ ဖင်လန်နိုင်ငံမှာတော့ စာအုပ်ဖတ်တဲ့အကျဉ်းသားတွေကို လျှော့ရက်ခံစားခွင့် ပေးခြင်း မရှိပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။