ကျောင်းကားဟောင်းကို ရွေ့လျားအိမ်အဖြစ် မွမ်းမံပြင်ဆင်ခဲ့တဲ့ ဇနီးမောင်နှံ

International News
ကျောင်းကားဟောင်းကို ရွေ့လျားအိမ်အဖြစ် မွမ်းမံပြင်ဆင်ခဲ့တဲ့ ဇနီးမောင်နှံ

အိမ်ခြံမြေဈေးနှုန်းတွေ ကြီးမြင့်လာပြီး အိမ်ငှားစရိတ်တွေလည်း မြင့်တက်လာချိန်မှာ ခရီးသွားရတာ ဝါသနာပါတဲ့ လင်မယားနှစ်ဦးက ကျောင်းကားဟောင်းတစ်စီးကို ဝယ်ယူပြီး ရွေ့လျားအိမ်အဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ ဂျို့ရှ်နဲ့ အမ်မီလီတို့နှစ်ဦးလုံးက အင်ဂျင်နီယာတွေဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ လုပ်ငန်းခွင်အဝေးကနေ အလုပ်လုပ်ဖို့ (WFH) ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ ကျောင်းကားဟောင်းတစ်စီးကို ဝယ်ယူပြီး ရွေ့လျားအိမ်အဖြစ် မွမ်းမံပြင်ဆင်ခဲ့တာပါ။ ကျောင်းကားဟောင်းဟာ တခြားကားတွေထက် ဈေးပိုသက်သာသလို သူတို့အတွက် နေရာပိုကျယ်ပါတယ်။ သူတို့က ‌ရွေ့လျားအိမ်ပေါ်မှာ ကိုယ်ပိုင်ရုံးခန်းတစ်ခန်းစီ ဖွဲ့ထားပြီး မီးဖိုချောင်၊ အိပ်ခန်း၊ ရေအိမ်တွေကိုလည်း စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာ တွေ့ရပါတယ်။ တစ်လကို ဆီဖိုး ဒေါ်လာ ၃၀၀ ဝန်းကျင် ကုန်ပြီး ဂြိုဟ်တုအင်တာနက်ဖိုးကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကုန်ကျပါတယ်။

ကျောင်းကားဟောင်းကို ရွေ့လျားအိမ်အဖြစ် ပြင်ဆင်မွမ်းမံစရိတ်နဲ့ လစဉ်အသုံးစရိတ်ဟာ သူတို့ထင်မှတ်ထားတာထက် ပိုများနေတာကြောင့် ကုန်ကျစရိတ်ကာမိစေဖို့ သူတို့က ဝင်ငွေတိုးအောင် ကြိုးပမ်းနေကြပါတယ်။ လက်ရှိအချိန်အထိတော့ ရွေ့လျားအိမ်မှာ နေရင်း အလက်စကာ၊ နယူးမက္ကဆီကို၊ တက္ကဆက်၊ ကော်လိုရာဒိုပြည်နယ်တွေဆီ ခရီးဆက်ခဲ့ပြီးပါပြီ။

တစ်နေ့ကျရင်တော့ အတည်တကျ နေထိုင်ဖို့အတွက် မြေလေးတစ်ကွက်ဝယ်မယ်လို့ သူတို့လင်မယားက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။