သမီးအငယ်ဆုံးလေးကို မွေးဖွားဖို့ ၃ရက်သာလိုတော့တာမို့ အစားကောင်းကောင်းစားရင်းအားမွေးနေတဲ့ ချမ်းချမ်း

Celebrity Local News
သမီးအငယ်ဆုံးလေးကို မွေးဖွားဖို့ ၃ရက်သာလိုတော့တာမို့ အစားကောင်းကောင်းစားရင်းအားမွေးနေတဲ့ ချမ်းချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမီးအငယ်ဆုံးလေးကို မွေးဖွားဖို့ ၃ရက်သာလိုတော့တာမို့ အစားကောင်းကောင်းစားရင်းအားမွေးနေတဲ့ ချမ်းချမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သမီးအငယ်ဆုံးလေးကို မွေးဖွားဖို့ ၃ရက်သာလိုတော့တာမို့ အစားကောင်းကောင်းစားရင်းအားမွေးနေတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ.. အဆိုတော် ချမ်းချမ်းကတော့ သီချင်းကောင်းတွေသီဆိုတတ်တဲ့အပြင် ထူးခြားတဲ့ အသံပါဝါကြောင့် ပရိသတ်အားပေးမှုကို အများဆုံး လက်ခံရရှိထားတဲ့ တေးသံရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းဟာ သမီးကြီး မြမိုးဂင်္ဂါနဲ့ သမီး လတ် ပီလာတို့အပြင် အခုဆိုရင် နောက်ထပ်သမီးလေး တစ်ယောက်ကိုမွေးဖွားဖို့ ကိုယ်ဝန်လွယ်ဆောင်ထားရ တာပဲ ဖြစ်ပါတယ်။

သမီးငယ်လေးကို မွေးဖွားဖို့ သုံးရက်တည်းသာလိုတော့ တဲ့ ချမ်းချမ်းက မီးဖွားခါနီးဆိုပေမယ့် စားချင်တာတွေ စားနေကြောင်း “ထမင်းပူပူ … ဝက်နံရိုး အာလူးဆီပြန် လေးရယ် ..ခရမ်းသီးနှပ်ကလေးတွဲစားပီး ကျေနပ်နေ သော မေမေ သမီးလေးကိုမွေးဖို့ ၃ရက် သာလိုတော့သည်..” ဆိုပြီး မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

ချမ်းချမ်းကတော့ နောက်ထပ်သမီးလေးကို မွေးဖွားဖို့ ရက်အနည်းငယ်သာလိုတော့တာမို့ စိတ်လှုပ်ရှားရင်ခုန် နေတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတစ်ယောက် သမီးလေး ကို အဆင်ပြေချောမွေ့စွာနဲ့ မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။