ငွေအဝင်ကြမ်း၍ ငွေဝင်မြဲမြန်စေသည့် ဆန်နှင့်ပရုပ်ပြား မီးထွန်း ပူဇော်နည်း

Astrology
ငွေအဝင်ကြမ်း၍ ငွေဝင်မြဲမြန်စေသည့် ဆန်နှင့်ပရုပ်ပြား မီးထွန်း ပူဇော်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ငွေအဝင်ကြမ်း၍ ငွေဝင်မြဲမြန်စေသည့် ဆန်နှင့်ပရုပ်ပြား မီးထွန်း ပူဇော်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေအဝင်ကြမ်း၍ ငွေဝင်မြဲမြန်စေသည့် ဆန်နှင့်ပရုပ်ပြား မီးထွန်း ပူဇော်နည်း

ယခုတင်ပေးမည့် ပူဇော်နည်း ကို လူသိများ၍ ငွေဝင်လာဘ်ရွှင် သိသိသာသာ လက်တွေ့အကျိုးထူး အဆင်ပြေနေကြသူများက ဒုနဲ့ဒေးပါဗျာ။ တစ်ချို့ ဆရာ့အကောင့်ထဲမှ မိတ်ဆွေအသစ်များ ဤပူဇော်ခြင်းနည်းလမ်းကို မသိသေးသူများ ရှိနေသေးတာကြောင့် ပြန်လည် ဒါနပြုတင်ပေး ရခြင်းဖြစ်ပါတယ်ခင်ဗျ….။

ရိုးရှင်းလွယ်ကူပြီး လွန်စွာ အံ့ဩရလောက်အောင်ဝင်လာမဆဲ တသဲသဲ နှင့် စီးပွားတက် ငွေဝင်ကြမ်းစေသည့် ကျွန်ုပ် လွန်စွာ မြတ်နိုး တန်ဖိုးထားရသောဆန်နှင့်ပရုပ်ပြားကို မီးထွန်း၍ ပူဇော်နည်းလေးအား တင်‌ပြပေးချင်ပါတယ်။သူဌေးလောင်းများဖြစ်လာစေမည့် ဆရာ့မိတ်ဆွေသစ်များ လုပ်ဆောင်ကြပါရန်အကြံပြုလိုပါတယ်နော်။

ကြေးခွက်ထဲတွင် ဆန်လက်တစ်ဆုပ်စာကိုထည့်ပါ။ပရုပ်ပြားခဲ (၂)ပြား သို့မဟုတ် (၃)ပြားစာလောက်ကိုဆန်များပေါ်တွင်တင်ထားရပါမည်။ထို့နောက် ၎င်း ပရုပ်ပြားများကို မီးရှို့၍ မိမိအိမ်၊အလုပ်ခန်းများ၌ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အားနေ့စဥ် မနက် တစ်ကြိမ် ညနေတစ်ကြိမ် အထက်ပါ နည်းလမ်းအတိုင်း သတိတရ ပူဇော်ပေး‌‌နေရပါမည်။

ဆန်နှင့်ပရုပ်ပြားများက မီးတောက်လောင်လာစဉ်၌ မိမိလုပ်ငန်းများ အဆင်ပြေချောမွေ့၍ ငွေဝင်မြဲစေ ရန် ရင့်နှင့်သည်းခြား သေချာ ဆုတောင်းရပါမယ်ဗျ။ဆန်နှင့်ပရုပ်ပြားများက မီးလောင်၍ ထွက်ပေါ်လာ စေမည့် ညှော်နံ့ သင်းသင်းလေးက မိမိ၏ ငွေဝင်လမ်းကြောင်းပေါ်ရှိ အပိတ်အပင်များစွာကို ဖယ်ရှင်းပေးစွမ်းနိုင်သော အစွမ်းသတ္တိရှိလိုတဲ့ဗျ။

အဝတ်အထည်များတွင် ထည့်ရသော ပရုပ်လုံးများ မဟုတ်ပါဘူးနော်။အခုထိ မှားယွင်းနေသူများရှိလို့ပါ။အိန္ဒိယ ပရဆေးဆိုင်များ၌ ရောင်းနေကြသည့် ဘုရားမီးပူဇော်နိုင်သော ပရုပ်ပြားနှင့်သာ ပူဇော်ရပါမည်။

ငွေဝင်လာရွှင် စီးပွားတက်စေရန် အကျိုးပြုစေမည့် ယခု ဆန်နှင့်ပရုပ်ပြား မီးထွန်းပူဇော်နည်းကို သေချာသင်ကြား ပြသပေးခဲ့သော ကျွန်တော့် ကျေးဇူးရှင်ဆရာဦးမင်းနိုင် အားအမြဲထာဝရ ရှိခိုးဦးခိုက်လျက်။

ရေးသားသူ –ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။