သီချင်းအကျယ်ကြီးဖွင့်ပြီး အိမ်နီးချင်းတွေကို စိတ်ဒုက္ခပေးသူ ထောင်ဒဏ်ချမှတ်ခံရ

International News
သီချင်းအကျယ်ကြီးဖွင့်ပြီး အိမ်နီးချင်းတွေကို စိတ်ဒုက္ခပေးသူ ထောင်ဒဏ်ချမှတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သီချင်းအကျယ်ကြီးဖွင့်ပြီး အိမ်နီးချင်းတွေကို စိတ်ဒုက္ခပေးသူ ထောင်ဒဏ်ချမှတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သီချင်းအကျယ်ကြီးဖွင့်ပြီး အိမ်နီးချင်းတွေကို စိတ်ဒုက္ခပေးသူ ထောင်ဒဏ်ချမှတ်ခံရ

 

သီချင်းသံ အကျယ်ကြီးဖွင့်ပြီး အိမ်နီးချင်းတွေအပေါ် စိတ်ဒုက္ခပေးခဲ့တဲ့ စပိန်အမျိုးသားတစ်ဦးကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတယ်။ ဘာစီလိုနာမြို့မှာ နေထိုင်တဲ့ အဲဒီအမျိုးသားဟာ ၂၀၁၂ ခုနှစ်ကစပြီး အီလက်ထရိုသီချင်းတွေကို နေ့နေ့၊ ညည အသံအကျယ်ကြီး ဖွင့်ခဲ့တာပါ။

သူဟာ နေ့ခင်းနေလယ်နဲ့ ညနေခင်းတွေမှာ ၅၇ ဒက်စီဘယ်အထိ အသံကျယ်ကျယ်ဖွင့်ပြီး ညဘက်တွေမှာ ၅၆ ဒက်စီဘယ် ဖွင့်လေ့ရှိပါတယ်။ ဒါဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ ၃၅ ဒက်စီဘယ်ထက် ကျော်လွန်ပါတယ်။ အိမ်နီးချင်းတွေက အသံတိုးပေးဖို့ ဝိုင်းဝန်းမေတ္တာရပ်ခံခဲ့သလို ရဲတပ်ဖွဲ့ပါ ရောက်လာခဲ့သေးပေမဲ့ သူကတော့ သီချင်းသံအကျယ်ကြီး ဆက်ဖွင့်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အိမ်နီးချင်းတွေဟာ ဆူညံတဲ့ သီချင်းသံကြောင့် ကိုယ်စိတ်နှစ်ပါး ထိခိုက်ရတယ်ဆိုပြီး တိုင်ချက်ဖွင့်ခဲ့တာပါ။ သူကတော့ ၂၀၁၇ ခုနှစ်အထိ သီချင်းသံအကျယ်ကြီး ဆက်ဖွင့်ခဲ့ပါတယ်။ သူ့အိမ်ခန်းက ထွက်လာတဲ့ အီလက်ထရို သီချင်းသံကြောင့် အရိုးတွေပါ တုန်ခါသွားသလို ခံစားရတယ်လို့ အိမ်နီးချင်းတစ်ဦးက ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘာစီလိုနာမြို့ တရားရုံးက သူ့ကို ထောင်ဒဏ် ၁ နှစ်၊ ၃ လ ချမှတ်ခဲ့ပြီး အိမ်နီးချင်းတွေကို နစ်နာကြေး ယူရို ၁၈၀၀၀ ပေးဆောင်ဖို့၊ ဒဏ်ငွေ ယူရို ၂၁၆၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် EDM မြူးဇစ်နဲ့ စပ်လျဉ်းပြီး ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် လေ့ကျင့်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ပါ ပိတ်ပင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။