မိန်းကလေးအဆိုအဖွဲ့သစ်ထွက်ပေါ်လာမယ့် နာမည်ကြီးကိုရီးယားအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမလေး

Celebrity Local News
မိန်းကလေးအဆိုအဖွဲ့သစ်ထွက်ပေါ်လာမယ့် နာမည်ကြီးကိုရီးယားအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိန်းကလေးအဆိုအဖွဲ့သစ်ထွက်ပေါ်လာမယ့် နာမည်ကြီးကိုရီးယားအဆိုပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမလေးဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိန်းကလေးအဆိုအဖွဲ့သစ်ထွက်ပေါ်လာမယ့် နာမည်ကြီးကိုရီးယားအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမလေး

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်း SBS က အဆိုနဲ့ပတ်သက်တဲ့ Universe Ticket ပရိုဂရမ်အသစ်ကို တင်ဆက်ပေးတော့မှာပါ။ Universe Ticket က ၂ နှစ်နဲ့ ၆ လကြာ F & F Entertainment ကနေ ပရိုမိုးရှင်းဆင်းပေးသွားမယ့် မိန်းကလေးအဆိုအဖွဲ့အတွက် ၈ ဦးကို ရွေးချယ်သွားမယ့် Survival Program တစ်ခုပါ။

ဒီပရိုဂရမ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင် ၄၁ ဦးထွက်ရှိလာပါပြီ။ အဲဒီ ၄၁ ဦးထဲမှာ မြန်မာမလေးပါဝင်ပါတယ်။ ၂၀၀၀ ခုနှစ်ဖွား မြန်မာမလေး နန်းဧကရီရွှေပါ။ ရီအယ်လ် (Riel) ဆိုတဲ့နာမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

My Roommate Is A Gumiho ကိုရီးယားဇာတ်လမ်းတွဲမှာလည်း ကျောင်းသူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ သူ့အကြောင်းအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ Universe Ticket ကလည်း ပြိုင်ပွဲဝင် ၄၁ ဦးရဲ့အသေးစိတ်အချက်အလက်ကို ထုတ်ပြမထားသေးပါဘူး။ @star_riel_ ကတော့ သူ့ရဲ့အင်စတာဂရမ်အကောင့်ပါ။ မြန်မာလူမျိုးဖြစ်တဲ့ ရီအယ်လ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် သူ့ကို ဝန်းရံအားပေးကြပါဦး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။