ပါမောက္ခချုပ်ဆရာတော်ရဲ့ပုံတူ ကျောက်ပန်းချီကို အိမ်မှာကိုးကွယ်ထားတယ်ဆိုတဲ့ အဆိုတော် မနော

Celebrity Local News
ပါမောက္ခချုပ်ဆရာတော်ရဲ့ပုံတူ ကျောက်ပန်းချီကို အိမ်မှာကိုးကွယ်ထားတယ်ဆိုတဲ့ အဆိုတော် မနော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပါမောက္ခချုပ်ဆရာတော်ရဲ့ပုံတူ ကျောက်ပန်းချီကို အိမ်မှာကိုးကွယ်ထားတယ်ဆိုတဲ့ အဆိုတော် မနော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ရဲ့ပုံတူ ကျောက်ပန်းချီကို အိမ်မှာကိုးကွယ်ထားတယ်ဆိုတဲ့ အဆိုတော် မနော

ကျနော့်ဘဝမှာ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေဖို့
တရားဓမ္မအသိတရားတွေကို ဘုန်းဘုန်းထံမှအမြဲ
ရရှိခဲ့ပါတယ်

ကျနော်တစ်ယောက်တည်းရနေတာမဟုတ်ပါ..
လောကလူသားများထဲမှ တရားအစစ်အမှန်ကို
ပညာဉာဏ်ဖြင့်သတိထား သင်ယူနာယူကြသူတိုင်း
ဘုန်းဘုန်းထံမှရရှိနေကြတာဖြစ်ပါတယ်

ကျနော်တို့ ၃၁ ဘုံမှာ ရှိ ရှိသမျှ လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံးသည် မြတ်စွာဘုရားတွေ့ရှိ ကျင့်သုံးခဲ့တဲ့
တရားဓမ္မတွေကို ဆရာတော် သံဃာတော်
သူတော်စင်များထံမှ နာယူ သင်ယူပြီး
ကိုယ်တိုင်ကျင့်သုံးကြလို့ သံသရာဝဋ်ဆင်းရဲမှ
လွတ်ကင်းကြရတာဖြစ်ပါတယ်

၃၁ ဘုံမှလွတ်ကင်းရာမြတ်နိဗ္ဗာန်ကို ရရာရောက်ကြောင်း
အတွက် သူတော်စင် ဆည်းကပ်ပါ တရားများများနာပါ
ကိုယ်တိုင်လည်းကျင့်သုံး လိုက်နာကြည့်ပါခင်ဗျာ
ကြုံလာတဲ့ လောကဓံကို တရားအသိဖြင့် တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင် ဖြေရှင်းနိုင်မှာမှာဖြစ်ပါတယ်

လူဘုံရောက်လာတော့လည်း လူတစ်ခု ပူမှုရယ်တဲ့
ဆယ်ကုဋေတဲ့ သားအပူ မယားအပူ ဆွေးမျိုး ချစ်ခင်
သူများအပူ ပစ္စည်းဥစ္စာအပူတွေက တစ်မျိုးပြီး
တစ်မျိုး လာနေမှာပဲမို့ လွတ်ရာငြိမ်းရာရောက်ဖို့
နေ့စဉ် တစ်လုံးသိသိ တရားများများနာပါလို့
မေတ္တာဖြန့်ဝေပါရစေခင်ဗျာ

ဆရာတော်ကြီး ပုံတော်ကို အိမ်မှာကိုးကွယ်ဖို့
ကိုယ်တိုင်ပြုလုပ်ထားတဲ့ကျောက်ပန်းချီပုံတော်
ဖြစ်ပါတယ်

နေ့စဉ် ဘုန်းဘုန်းကို ရည်မှန်းကန်တော့တိုင်း
သံသရာဝဋ်ဆင်းရဲမှလွတ်ကင်းစေမည့်
တရားအသိ သြဝါဒစာသားလေး တောင်းခံခဲ့ပါတယ်

ဘုန်းဘုန်းက ချီးမြှင့်ခဲ့တဲ့ စာသားသြဝါဒလေးကတော့
ဖြူစင်သောစိတ်ထား သတိသမ္ပဇညတရားဖြင့်
နေထိုင်နိုင်အောင် အမြဲကြိုးစားပါတဲ့

ဒီစာသားလေးက တိုပေမည့် နိဗ္ဗာန်ထိပို့ဆောင်ပေးသော
တရားဖြစ်ပါတယ် စာသားလေးရဲ့ အဓိပ္ပာယ်ကို
သိသူများရေးကြည့်ပါလားဗျာ

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံပြီး တရားထူးတရားမြတ်ရရှိကြပါစေ

ကျောက်ပန်းချီ ဝါသနာရှင်လေး မောင်မနော

ရေးသားသူ –မောင်မနော Manaaw

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။