နဂါးမောက်သီးရဲ့ဆေးဖက်ဝင်ပုံ အဖုံဖုံ

Health Knowledge
နဂါးမောက်သီးရဲ့ဆေးဖက်ဝင်ပုံ အဖုံဖုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နဂါးမောက်သီးရဲ့ဆေးဖက်ဝင်ပုံ အဖုံဖုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နဂါးမောက်သီးရဲ့ဆေးဖက်ဝင်ပုံ အဖုံဖုံ
အလေးထား စားသုံးသင့်တဲ့ နဂါးမောက်သီး

နဂါးမောက်သီးဟာ ဆေးဖက်ဝင်သလို အရသာကလည်း ချိုအေးပါတယ်။

အခွံအရောင်မှာ အများအားဖြင့်နီညိုရောင် အဆင်းရှိပြီး တချို့အမျိုးအစား၏ အခွံအရောင်မှာ ပန်းရောင် သို့မဟုတ် အဝါရောင် ရှိပါတယ်။ စားရတဲ့ အတွင်းသား အရောင်ကတော့ အနီ နဲ့ အဖြူ နှစ်မျိုး ရှိပါတယ်။

ကိုလက်စတော (Cholesterol) ကို လျော့ချပေးနိုင်သဖြင့် နှလုံး ကျန်းမာရေး အတွက် သင့်လျော်ပါတယ်။

ဗီတာမင်စီ (Vitamin C) များစွာ ပါဝင်သည့် အတွက် အသားအရည် ကျန်းမာရေး အတွက်ရော၊ ဝိတ်ချဖို့ အတွက်ရော အထောက်အကူ ပြုပါတယ်။

အန်တီအောက်စီဒန့် (Antioxidants) ပါဝင်မှုကြောင့်လည်း ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်များကို တားစီးပေးနိုင် ပါတယ်။

နဂါးမောက်သီးမှ အနက်ရောင် အစေ့လေးများဟာ စားလို့ရပြီး ကောင်းမွန်တဲ့ အဆီဓာတ်နှင့် ပရိုတင်းဓာတ် (Fats and Protein) ကို အားဖြည့်ပေးပါတယ်။

အမြှင်ဓာတ် (Fiber) ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်တတ်သူများ အတွက် စားသင့်တဲ့ ဓာတ်စာ အသီးအဖြစ်လည်း ညွှန်းဆိုပါရစေ။

အလေးထားစားသုံးသင့်သည့်သစ်သီးဖြစ်ပြီးအာဟာရပြည့်ဝစေပြီး၊ ခွန်အားကို အမြန်ဆုံးပြန်လည်ပြည့်ဝစေခြင်း ၊မောပန်းနွမ်းနယ်မှု ကို အမြန်ဆုံး သက်သာ၍ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ကို ချက်ချင်းပျောက်ကင်းစေပြီးဆီးချို၊သွေးချို၊ သွေးတိုး မတက်စေရန် အကူအညီပေးသည်။

ပန်းနာရင်ကြပ်သမားများ သက်သာပျောက်ကင်းစေသည် ။ နှလုံးရောဂါများ သက်သာစေသည်။

မဖြစ်မနေစားသုံးသင့်သူများ

ကျန်းမာဖွံ့ဖြိုးပြီး အသားအရေ လှပနုပျိုလိုသူနာတာရှည်ရောဂါ ခံစားနေရသူ လေးဘက်နာ ၊နှလုံးရောဂါ ခံစားနေရသူ ဆီးချို၊ သွေးချို၊သွေးတိုးရောဂါ ခံစားနေရသူအစာအိမ်နှင့် ပက်သက်သည့် ရောဂါရှိသူကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူဆီးချုပ်၊ ဝမ်းချုပ်တတ်သူဦးနှောက် မဖွံ့ဖြိုးသည့်ရောဂါရှိသူလေကောင်းလေသန့် မရရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရသူစိတ်မောလူမောဖြစ်နေသူများ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။