ဟယ်ရီပေါ်တာရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ရတဲ့ စတန့်သမား

Celebrity International News
ဟယ်ရီပေါ်တာရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ရတဲ့ စတန့်သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟယ်ရီပေါ်တာရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ရတဲ့ စတန့်သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟယ်ရီပေါ်တာရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ရတဲ့ စတန့်သမား

ဟယ်ရီပေါ်တာဇာတ်ကောင်အဖြစ် နာမည်ကြီးတဲ့ ဒန်နီရယ် ရက်ကလစ်ဖ်ရဲ့စတန့်သမားအဖြစ် ၉ နှစ်ကျော်လုပ်ခဲ့တဲ့ ဒေးဗစ်ဟုမ်းစ်ရဲ့ဘဝကတော့ ရိုက်ကွင်းမတော်တဆမှုကြောင့် ပြောင်းလဲသွားခဲ့ရပါတယ်။

ဒေးဗစ်ကတော့ ရိုက်ကွင်းမတော်တဆမှုက သူ့ဘဝတစ်လျှောက်လုံး ဝှီးချဲနဲ့နေသွားစေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတာပါ။ စတန့်သမားအဖြစ် သက်တမ်းရှည်ကြာနေပေမဲ့ ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက်က တုန်လှုပ်ချောက်ချားစရာအဖြစ် ရောက်လာခဲ့တာပါ။

အသက် ၁၇ နှစ်မှာ ဒေးဗစ်ဟုမ်းစ်က Harry Potter ဇာတ်ကားမှာ စတန့်သမားအဖြစ် ပါဝင်ခဲ့ပြီး ဇာတ်ပို့ဇာတ်ကောင် Adrian Pucey အဖြစ်လည်း သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့အရပ်အမောင်းနဲ့ မျက်နှာအသွင်အပြင်က ဒန်နီရယ် ရက်ကလစ်ဖ်နဲ့ တူတာကြောင့် ဒန်နီရယ်ရဲ့စတန့်သမားဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်က အသက်အားဖြင့် ၆ နှစ်ကွာပါတယ်။

၂၀၀၉ ခုနှစ်က Harry Potter နောက်ဆုံးရုပ်ရှင်ကား Harry Potter and the Deathly Hallows ရိုက်ကွင်းအတွင်း ဒေးဗစ်က ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်တဲ့အခန်းလေ့ကျင့်တဲ့အချိန် စတန့်တစ်ခု လုပ်ရင်း သူ့ရဲ့လည်ပင်းကို ချိုးမိခဲ့ပြီး ရင်ဘတ်အောက်ကစပြီး အကြောthayသွားခဲ့ရပါတယ်။

ဆေးရုံတက်တဲ့အချိန်မှာ ဟယ်ရီပေါ်တာဇာတ်ကောင်ဖြစ်တဲ့၊ ဒေးဗစ်ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ် ရက်ကလစ်ဖ်က သူ့ဆီ လာလည်ခဲ့ပါတယ်။ မင်းသားတွမ် ဖယ်လ်တွန်ကလည်း ဒေးဗစ်နဲ့ ရိုက်ကွင်းဆက်ဆံရေးထက်ပိုပြီး ရင်းနှီးတဲ့အတွက် ဒေးဗစ်ကို သေချာဂရုစိုက်အားပေးခဲ့ပါတယ်။

မကြာသေးခင်က ဒေးဗစ်ဟုမ်းစ်ဟာ Cunning Stunts အစီအစဉ်မှာ စတန့်သမားအဖြစ် သူ့ရဲ့အတွေ့အကြုံကို မျှဝေထားတဲ့အပြင် အလားတူထိခိုက်ဒဏ်ရာမျိုးကြုံတွေ့ရတဲ့ ပရော်ဖက်ရှင်စတန့်သမားတွေကိုလည်း ကူညီပံ့ပိုးနေကြောင်းပြသခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။