မြန်မာနိုင်ငံကအလှမယ်တွေထဲမှာ ဘယ်သူမှမရရှိဖူးတဲ့ အမြင့်ဆုံးဆုကိုရရှိခဲ့တဲ့ အပေါ်ခံစားချက်ကို ပြောပြခဲ့တဲ့ နီနီလင်းအိမ်

Celebrity Local News
မြန်မာနိုင်ငံကအလှမယ်တွေထဲမှာ ဘယ်သူမှမရရှိဖူးတဲ့ အမြင့်ဆုံးဆုကိုရရှိခဲ့တဲ့ အပေါ်ခံစားချက်ကို ပြောပြခဲ့တဲ့ နီနီလင်းအိမ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာနိုင်ငံကအလှမယ်တွေထဲမှာ ဘယ်သူမှမရရှိဖူးတဲ့ အမြင့်ဆုံးဆုကိုရရှိခဲ့တဲ့ အပေါ်ခံစားချက်ကို ပြောပြခဲ့တဲ့ နီနီလင်းအိမ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကအလှမယ်တွေထဲမှာ ဘယ်သူမှမရရှိဖူးတဲ့ အမြင့်ဆုံးဆုကိုရရှိခဲ့တဲ့ အပေါ်ခံစားချက်ကို ပြောပြခဲ့တဲ့ နီနီလင်းအိမ်

မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်က “Miss Grand International ပြိုင်ပွဲတစ်လျှောက် မြန်မာနိုင်ငံက လွှတ်ခဲ့တဲ့ အလှမယ်တွေထဲမှာ ပထမဦးဆုံး အမြင့်ဆုံးဆုကို နီနီလင်းအိမ်က ရရှိခဲ့တာဖြစ်ပါတယ်။ Miss Grand| International ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်လောက်က အလှမယ် ထားထက်ထက်က တခြား organization နဲ့အတူ သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၂၁ မှာ ကျွန်တော်တို့ organization က စတင်ပြီး organize လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ organize လုပ်ခဲ့တဲ့ ၃ နှစ်တာ ကာလေရာ၊ တခြား organization က organize လုပ်ခဲ့တဲ့ ကာလတွေမှာရော အခု နီနီလင်းအိမ်က အမြင့်ဆုံးဆု ရရှိခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ Miss Grand International ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ် အပါအဝင် နိုင်ငံပေါင်း ၇၀ ကအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အလှမယ် နီနီလင်းအိမ်က 1st runner-up ဆုနှင့် အခြားဆုများဖြစ်သည့် Country of the year နှင့် Miss Popular Vote အပါအဝင် စုစုပေါင်း ဆု ၅ ဆုရရှိခဲ့တာဖြစ်ပါတယ်။“ ၁ နှစ်တာကာလအတွင်း organization အနေနဲ့ ပြင်ဆင်စရာရှိတာကို တစ်ဆင့်ချင်း ပြင်ဆင်ခဲ့တယ်။ National Costume ဆိုရင်လည်း ထိုင်းဒီဇိုင်နာဆီမှာ အပ်ခဲ့တယ်။ Final ဝတ်မယ့် ဝတ်စုံဆိုရင်လည်း ၆ လေလာက် ကြိုပြင်ဆင်ခဲ့တယ်။ နီနီရဲ့ ကြိုးစားမှုကလည်း ၁၀၁ ရာခိုင်နှုန်းရှိတယ်။ National Director ကလည်း နီနီဘေးမှာအမြဲရှိတယ်”

ယခုအခါမှာတော့ Miss Grand International 1st Runner Up ဆုရှင် နီနီလင်းအိမ် အပါအဝင် Miss Grand International Top 10 အလှမယ် (၁၀) ဦး ဟာ ဒီကေနဲ့၊ နိုဝင်ဘာလ (၃) ရက်နေ့မှာ၊ ထိုင်းနိုင်ငံကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အလှမယ် မီးမီး၊ National Director ထူးအံ့လင် နှင့် ထိုင်းရောက် မြန်မာ ပရိသတ် အများအပြား ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှာ လာရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာပြည် အတွက် အချိန်တိုင်း ကြိုးစားပေးသွားမှာပါ။ ဘဝမှာ တစ်ခါမှ မရတဲ့ အားပေးမှုတွေကြောင့် ဝမ်းသာမိတယ်” လို့နီနီလင်းအိမ်က ပြောလာတာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။