၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးက တော့၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( July 24 to July 30 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေနိုင်ပါမယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေး အတွက် အပြည့်အဝ အနားယူပေးပါ။ ဒါ့အပြင် အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးရန် လိုအပ်ပါမယ်။

ငွေကြေး သုံးစွဲမှုနှင့် ပက်သက်၍ ကန့်သတ်မှု ထားရှိပေးပါ။ လုပ်ဖော်ကိုင်ဖက်နှင့် မိသားစုဝင်တို့၏ ပံ့ပိုးကူညီမှုကို ရယူကာ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ပါ။

မိသားစု ဘဝအတွင်း ငြိမ်းချမ်းမှု ရှိနေပါမယ်။ အခြားသူများ အပေါ် မိမိ၏ သဘောထားကို သိရှိအောင် ပြုလုပ်ပီးမှသာ မည်သည့် ဆုံးဖြတ်ချက်မဆို ချမှတ်ပါ။

ပြိဿရာသီခွင် – Taurus ( July 24 to July 30 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိုးရိမ်ပူပန်မှုနှင့် အတူ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ခံစားရတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မိမိ၏စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။

ဤကာလအတွင်း ငွေကြေးအားဖြင့် အနည်းငယ် ကျပ်တည်းနေနိုင်ပါမယ်။ ကုန်ကျစရိတ် မြင့်မားနေတတ်ပါတယ်။

မိမိ၏ နေအိမ်သို့ အသိမိတ်ဆွေ၊ ဧည့်သည်များ လာရောက်လည်ပတ်နိုင်ခြေ ရှိနေပါတယ်။ အကယ်၍ မိသားစုဝင်များထဲမှ ကျန်းမာရေးနှင့်ပက်သက်၍ ဝေဒနာ ခံစားနေရပါက ယခုအပတ်တွင် အပြုသဘောဆောင်သော တိုးတက်မှု ရှိလာနိုင်ပါတယ်။ ပစ္စည်း၊ ဥစ္စာအသစ်များ ဝင်ရောက်လာတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( July 24 to July 30 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ကြိုးစားအားထုတ် ပေးရပါမယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေးလမ်းကြောင်းများ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။ မမျှော်လင့်ဘဲ ငွေကြေး ရရှိတတ်ပါတယ်။ ဒါ့အပြင် ရေရှည် ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။

အိမ်တွင်းမှု ကိစ္စများ၊ လှုမှုရေးပွဲများနှင့် ပက်သက်၍ ပိုမိုလုပ်ဆောင်ရတတ်ပါတယ်။ မိသားစုဝင်များနှင့်လည်း ခရီးသွားလာရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( July 24 to July 30 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင် တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်ပီး ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန် စားသုံးပေးပါ။

ဤကာလအတွင်း လူမှုဆက်ဆံရေး လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဆရာကောင်း၊ မိတ်ဆွေကောင်းများနှင့် ကြုံတွေ့ရတတ်ပါတယ်။

ထိုသူတို့၏ အတွေ့အကြုံ၊ အကြံဉာဏ်တို့ဖြင့် မိမိ၏ ငွေကြေးကို ပညာရှိစွာ ရင်းနှီးမြုပ်နှံပေးပါ။

သိဟ်ရာသီခွင် – Leo ( July 24 to July 30 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေပါမယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး အပေါ် ထိခိုက်စေနိုင်ပါမယ်။

‌ဤကာလအတွင်း ငွေကြေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ဝင်ငွေ တိုးတက်လာပေမယ့်လို့ ကုန်ကျစရိတ်သည် ပိုမိုများနေတတ်ပါတယ်။ ငွေကြေး ချေးငှားမှုများ ပြုလုပ်ပါက သတိထားပေးပါ။

မိသားစုဝင်တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။

ကန်ရာသီခွင် – Virgo ( July 24 to July 30 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် ဘယ်အရာကိုမဆို အလွန်အကျွံ တွေးတောခြင်းကို ရှောင်ကြဉ်ပေးပါ။ ကျန်းမာရေးအတွက် မိမိ၏ အလေ့အကျင့်ကို မြှင်တင်ပေးပါ။

ဤကာလအတွင်း ငွေကြေး လိမ်လည် လှည့်ဖျားမှုများ ရှိနေနိုင်ပါတယ်။ အရေးကြီးသော အရောင်းအဝယ် စာချုပ်များ ချုပ်ဆိုခြင်းကို ရှောင်ကြဉ်ပေးပါ။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံကြည့်ပါနှင့်။

ကုန်သည် လုပ်ကိုင်ကြသူများ အနေနဲ့ ပုံမှန်လည်ပတ်နေမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ သို့သော် တိုးတက်မှုကို ရယူလိုပါက နည်းလမ်းသစ်၊ စိတ်ကူးသစ်များနှင့် ကြိုးစားပါ။

တူရာသီခွင် – Libra ( July 24 to July 30 )========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ တိုးတက်မှုများ ရှိနေပါမယ်။ ခြေထောက်နာခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းတို့မှ သက်သာရာ ရရှိနိုင်ပါမယ်။ အထူးသဖြင့် အသက် ၅၀ ကျော် ရာသီခွင်များ အတွက် ကျန်းမာရေး ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း မိမိထံမှ ငွေကြေး ချေးငှားမှုများ ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေး ကံတရားသည် နိမ့်ပါးနေတတ်၍ သတိထားပေးပါ။

မိသားစုဝင်များထံမှ ပံ့ပိုးကူညီမှုများ ရရှိရန် ခက်ခဲနေနိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( July 24 to July 30 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးအရ ကိုယ်လက်လေ့ကျင့်ခန်းများကို မဖြစ်မနေ ပြုလုပ်ပေးရပါမယ်။ အထူးသဖြင့် အိပ်ချိန် အလုံအလောက် ထားရှိပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ ထိခိုက်စေမည့် အနေအထားတွင် ရှိနေပါတယ်။ မိမိထံမှ ငွေကြေး တောင်းဆိုမှုများ ကြုံတွေ့ရတတ်ပါတယ်။

အိမ်တွင်း‌ရေး ပြဿနာများကို ဖြေရှင်းရာတွင် စိတ်အေးအေးထားပါ။ ‌အထူးသဖြင့် အိမ်သူအိမ်သားများနှင့် စကားစမြည် ပြောဆိုရာတွင် မိမိ၏ သဘောထားကို မှန်ကန်စွာ ပြသရန် လိုအပ်ပါတယ်။ တစ်ဦး‌ပေါ် တစ်ဦး ယုံကြည်မှုများ ခိုင်မြဲအောင် ကြိုးစားသင့်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( July 24 to July 30 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန်အပြင် ကျန်းမာရေးအတွက်ပါ အချိန်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။‌

ဤကာလအတွင်း ငွေကြေး ဆုံးရှုံးနိုင်ခြေ မြင့်မားနေနိုင်ပါမယ်။ အထူးသဖြင့် ငွေပေးငွေယူ အမျိုးအစားတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စများတွင် အတတ်နိုင်ဆုံး မိမိကိုယ်မိမိ သတိထားပါ။

မိမိ၏ ယုံကြည်မှုအပေါ် အလွှဲသုံးစား ပြုလုပ်ခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိ၏ လျှို့ဝှက်ချက်များကို အခြားသူများအား ထုတ်ဖော်ပြောဆိုခြင်းများ မပြုလုပ်ပါနှင့်။

မကာရရာသီခွင် – Capricorn ( July 24 to July 30 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။

ငွေကြေး အကျိုးရှိစေနိုင်သော မိတ်ဖက်လုပ်ငန်းသစ်များ ဝင်ရောက်လာနိုင်ခြေ ရှိနေပါတယ်။

အနာဂတ်အတွက် မိသားစုဝင်များနှင့် တိုင်ပင်ဆွေးနွေးပါက ပိုကောင်းမွန်ပါလိမ့်မယ်။ သို့သော် ဤကာလအတွင်း ကိုယ်ရေးကိုယ်တာ ဘဝတွင် အတိတ်ကာလ ကိစ္စရပ်များနှင့် ပက်သက်၍ ပြဿနာအချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ မိမိ၏ အမှားကို ပြန်လည် သုံးသပ်ကာ သင်ခန်းစာ ရယူပေးပါ။

ကုမ်ရာသီခွင် – Aquarius ( July 24 to July 30 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေနိုင်ပါမယ်။ အထူးသဖြင့် မိမိကိုယ်ကို ပျော်ရွင်အောင် ကြိုးစားပေးပါ။ စိတ်ဖိစီးစေနိုင်သော ကိစ္စရပ်များမှ ဝေးဝေးနေထိုင်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် တိုးတက်မှု ရှိနေပါမယ်။ ဝင်ငွေကောင်းမွန်မှုနှင့် အတူ စုဆောင်းနိုင်ပါမယ်။

သို့သော် မိသားစုဝင်တို့၏ ကျန်းမာရေးကို ရက်သတ္တပတ် အစောကတည်းက ဂရုစိုက်ပေးရပါမယ်။ မိမိ၏ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးပေးပါ။ ဒါ့အပြင် ပျော်ပွဲစားထွက်ရန်လည်း စီစဉ်နိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( July 24 to July 30 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် စိုးရိမ်ပူပန်မှုနှင့် အတူ စိတ်ဖိစီးမှု အချို့ ခံစားရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်၍ ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်မည် မဟုတ်ပါ။ အိမ်ထောင်သည်များ အနေနဲ့ မိမိလက်တွဲဖော်၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ်။ ကျန်းမာရေး အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအရ ယခုအပတ် အစောပိုင်းတွင် ကောင်းမွန်နေပါမယ်။ သို့သော် ရက်သတ္တပတ် အကုန်တွင် အကြောင်းတစ်ခုခုကြောင့် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အငြင်းအခုံ ဖြစ်စေနိုင်သည့် ကိစ္စရပ်များမှ ရှောင်ကြဥ်ပေးရပါမယ်။အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရန် ကြိုးစားပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။