တရွာသားနဲ့ ချိန်းတွေ့ဖို့ တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တဲ့ မိန်းကလေး

Funny International News
တရွာသားနဲ့ ချိန်းတွေ့ဖို့ တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တဲ့ မိန်းကလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရွာသားနဲ့ ချိန်းတွေ့ဖို့ တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တဲ့ မိန်းကလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရွာသားနဲ့ ချိန်းတွေ့ဖို့ တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တဲ့ မိန်းကလေး

ပရီတိကုမ္မာရီဆိုတဲ့ အိန္ဒိယသူလေးက တရွာသားနဲ့ ချစ်သူဖြစ်တယ်။ ခက်တာက သူတို့ရွာ ၂ ရွာ မတည့်ကြဘူး။ သူ့ရွာ၊ ကိုယ့်ရွာ နယ်ကျော်လာတာနဲ့ ရိုက်ဟယ်၊ နှက်ဟယ် ဖြစ်ကြစမြဲ။ ဒီတော့ ပရီတိက သူ့ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ဖို့ နည်းလမ်းရှာရတယ်။ သူတို့ ချိန်းတွေ့တာကို ဘယ်သူမှ မသိအောင် ညဘက်ရောက်တိုင်း သူ့ရွာ တစ်ရွာလုံးကို မီးဖြတ်တယ်။

ညတိုင်း မီးပျက်နေတော့ ရွာမှာ သူခိုး ထပါလေရော။ သူခိုးထတာ များတော့ ရွာခံတွေက လျှပ်စစ်ကုမ္ပဏီကို စောဒက တက်တယ်။ ဘာကြောင့် ညတိုင်း မီးပြတ်တာလဲ။ လျှပ်စစ်ကုမ္ပဏီက စစ်ဆေးကြည့်တော့လည်း ကျေးရွာ လျှပ်စစ်လိုင်းမှာ ဘာပြစ်ချက်မှ မတွေ့ဘူး။ အကြောင်းရင်း သိအောင် စောင့်ဖမ်းတော့မှ ပရီတိက အမှောင်ထဲမှာ တရွာသားနဲ့ ချိန်းတွေ့တာကို မိသွားတယ်။

ပရီတိရွာသားတွေက သူ့ချစ်သူကို ထိုးမယ်၊ ကြိတ်မယ် တကဲကဲ လုပ်နေတုန်း ပရီတိက ရှေ့က ကာကွယ်တားဆီးပေးတဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းမှာ ပျံ့သွားတယ်။ သူ့ချစ်သူနဲ့ လူမသိအောင် ချိန်းတွေ့ဖို့ ညတိုင်း မီးဖြတ်တာလို့လည်း ပရီတိက ဝန်ခံတယ်။ ဒါနဲ့ ကျေးရွာလူကြီးတွေ တိုင်ပင်ပြီး ပရီတိတို့ စုံတွဲကို ဘုရားကျောင်းမှာ လက်ထပ်ပေးလိုက်တယ်။ ဒီဖြစ်ရပ်က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။