ခဝဲသီးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Health Knowledge
ခဝဲသီးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခဝဲသီးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခဝဲသီးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ကလေးတွေက မကြိုက်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်တဲ့ အသီးကခဝဲသီးပါ။ ခဝဲသီးက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။

(၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်

ခဝဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့်ကိုယ်အလေးချိန် အမြန် လျော့ကျလိုသူတွေအတွက် သင့်တော်တဲ့ အစားအစာပါ။

ခဝဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ကာကယ်လိုရီများတဲ့ တခြားအစာတွေကို လျှော့စားဖြစ်စေပါတယ်။

(၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။

ခဝဲသီးအရည်ကို အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ်သုံးကြပါတယ်။ ခဝဲသီးကို အရည်ညှစ်ပြီး သန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီးသောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

(၄) သွေးသန့်စေပါတယ်။

ခဝဲသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အစွမ်းရှိတာကြောင့်
အရက်ကြောင့် အဆိပ်ဖြစ်မှုကနေ အသည်းကို ကာကွယ်ပေးပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။

ခဝဲသီးမှာ အင်ဆူလင်နဲ့ တူတဲ့ ပက်တိုက်တွေဖြစ်တဲ့ alkaloids နဲ့ charantinတို့ပါဝင်တာကြောင့် အင်ဆူလင်အဆင့်ကို ပြောင်းလဲစေတာမျိုး မရှိဘဲ သွေးတွင်းသကြားဓာတ်နဲ့ ဆီးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။

(၆) အစာအိမ်အတွက် ကောင်းပါတယ်။

ခဝဲသီးမှာပါတဲ့ Cellulose တွေက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီးလိပ်ခေါင်း ကုသရေးမှာ ပါဝင် ကူညီပေးနေပါတယ်။

(၇) အသားအရေကို ကျန်းမာလှပစေပါတယ်။

ခဝဲသီးကို အခြောက်ခံထားပြီး ရေမြှုပ်အဖြစ် အသုံးပြုကာ ရေချိုးတဲ့အခါ ကြေးချွတ်ပစ္စည်းအနေနဲ့ ပွတ်တိုက်ပေးပါ။

ခဝဲသီးခြောက် ရေမြှုပ်ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ကွာကျစေတာကြောင့် အသားအရေကို ချောမွေ့စေပြီး နူးညံ့ တောက်ပြောင်စေပါတယ်။ အရေပြားကို ကျန်းမာအောင်နဲ့ ပိုမိုဝင်းပလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

ခဝဲသီးရဲ့ သွေးသန့်စင်စေတဲ့ အာနိသင်ကြောင့် ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ကင်းစေကာခန္ဓာကိုယ် အနံ့ဆိုးတွေ ကင်းစေပါတယ်။ ခဝဲသီး ရေမြှုပ်ကို စနစ်တကျ သန့်စင်မှုမလုပ်ရင် မှိုတွေ ပေါက်နိုင်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်မှာကပ်ကျန်နေတဲ့ ဆပ်ပြာနဲ့ ရေတွေကို သန့်စင်သွားအောင် ခါချပြီး လေသလပ်ခံကာခြောက်အောင် ထားရပါမယ်။

(၈) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

ခဝဲသီးဖျော်ရည် တစ်ဖန်ခွက်ကို တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီး နံနက်စောစောမှာ သောက်ပေးရင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး တခြား ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။