၁၁ နှစ်အကြာမှာ အဆုံးသတ်လိုက်ကြတဲ့ နာမည်ကြီးဖိလစ်ပိုင်စုံတွဲရဲ့အချစ်ဇာတ်လမ်းလေး

Celebrity International News
၁၁ နှစ်အကြာမှာ အဆုံးသတ်လိုက်ကြတဲ့ နာမည်ကြီးဖိလစ်ပိုင်စုံတွဲရဲ့အချစ်ဇာတ်လမ်းလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၁ နှစ်အကြာမှာ အဆုံးသတ်လိုက်ကြတဲ့ နာမည်ကြီးဖိလစ်ပိုင်စုံတွဲရဲ့အချစ်ဇာတ်လမ်းလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၁ နှစ်အကြာမှာ အဆုံးသတ်လိုက်ကြတဲ့ နာမည်ကြီးဖိလစ်ပိုင်စုံတွဲရဲ့အချစ်ဇာတ်လမ်းလေး

နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ဒီသတင်းကတော့ သူတို့စုံတွဲကို အမြဲအားကျနေရတဲ့ မြန်မာပရိသတ်တွေနဲ့ နိုင်ငံတကာပရိသတ်တွေအတွက် ဝမ်းနည်းစရာပါပဲ။ ဖိလစ်ပိုင်မင်းသမီးချော ကက်သရင်း ဘာနာဒိုနဲ့ သူ့ချစ်သူ မင်းသားချော ဒန်နီရယ် ပါဒီလာတို့ရဲ့၁၁ နှစ်ကြာအချစ်ဇာတ်လမ်းအဆုံးသတ်လိုက်ပြီဆိုတဲ့ သတင်းပါပဲ။ သူတို့ရဲ့ဆက်ဆံရေးအဆုံးသတ်လိုက်ပြီဆိုတာကို မင်းသမီးချောကက်သရင်းက သူ့ရဲ့အင်စတာဂရမ်မှာ စာတင်ပြီး သူ့ရဲ့ပရိသတ်တွေဖြစ်တဲ့ KathNiel အဖွဲ့ကို အသိပေးခဲ့တာပါ။

မင်းသမီးကက်သရင်းက သူနဲ့ဒန်နီရယ်တို့ရဲ့ငယ်ငယ်ကစုံတွဲပုံတစ်ပုံအပါအဝင် ကြေညာချက်အရှည်ကြီးရေးထားတဲ့ပုံတွေနဲ့အတူ အခုလိုရေးသားထားပါတယ်။ “ဘဝတစ်စိတ်တစ်ပိုင်းအဆုံးသတ်ခဲ့ပြီ။ ဒါက ကျွန်မတို့ကို ရှေ့ဆက်ဖို့ အထောက်အကူပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ဖြေမှာမဟုတ်ပါဘူး။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”တဲ့။

ပုံတွေထဲက ကြေညာချက်အရှည်ကြီးမှာ”ကိုယ့်လူဖြစ်အောင် အမြဲကြိုးစားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုအတွက်တွေးပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းကြတယ်။

အချစ်နဲ့ပတ်သက်လာရင်တောင် အထူးသဖြင့် အချစ်ရေးအကြောင်းပြောရရင် ကျွန်မနဲ့ Deej နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ မှန်ပါတယ်။ Deej နဲ့ ကျွန်မှာ ရှိခဲ့တဲ့ချစ်ခြင်းမေတ္တာက အစစ်အမှန်ပါ။ ဘယ်တော့မှ ဟိတ်ဟန်မဟုတ်ခဲ့ပါဘူး။ ၁၁ နှစ်တာကာလက ကျွန်မကို ပျော်ရွှင်မှု၊ စွန့်စားမှုနဲ့ အိမ်ဆိုတဲ့ခံစားချက်ကို ယူဆောင်လာပေးခဲ့ပါတယ်။ သူက ကျွန်မရဲ့ပထမဆုံးချစ်သူပါ။ သူ့အတွက် ကျွန်မရဲ့အချစ်တွေ အမြဲရှိနေမှာပါ။ ကျွန်မတို့ ခဏတာဝေးကွာနေခဲ့ပြီး နောက်ဆုံးမှာ အရင်လိုချစ်သူတွေအဖြစ် ပြန်မသွားဖို့ဆိုတာကို ကျွန်မတို့ လက်ခံလိုက်ရပါတယ်”လို့ ရေးထားပါတယ်။

သူ့ရဲ့KathNiels (Fan Team) အတွက်လည်း အခုလိုရေးသားထားပါတယ်။ “KathNiels, မင်းတို့နာကျင်နေတာ ကျွန်မတို့သိပါတယ်။ ကျွန်မကို ယုံပါ။ ဒါကလည်း မင်းတို့ထင်ထားတာထက် ကျွန်မတို့နှစ်ယောက်လုံးကို ပိုနာကျင်စေပါတယ်။ ဒါကို ကျွန်မတို့တကယ်လုပ်ဖို့လိုအပ်တဲ့အတွက် နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကုစားနေတဲ့အချိန်မှာ ကျွန်မတို့နဲ့ပူးပေါင်းပြီး အဖိုးတန်တဲ့အခိုက်အတန့်တွေကို ဖြုန်းတီးမသွားစေဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ဒါကို လုပ်နိုင်ပါတယ်”တဲ့။

“Deej…လှပတဲ့ ၁၁ နှစ်တာကာလနဲ့ ကျွန်မ ထာဝရမြတ်နိုးသွားရမယ့် ချစ်ခြင်းမေတ္တာမျိုးကို ပေးခဲ့တယ်။ အမြဲတမ်းကျေးဇူးတင်နေမှာပါ”လို့ ကက်သရင်းက ကြေညာချက်ကို အဆုံးသတ်ခဲ့ပါတယ်။

ကက်သရင်းနဲ့ ဒန်နီရယ်တို့က ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ရင်း ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူတို့ချစ်သူတွေဆိုတာကို ၂၀၁၈ ခုနှစ်မှာ အတည်ပြုပေးခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။