ဖရဲသီးချစ်သူတွေအတွက်ဝိတ်ချနည်း

Health Knowledge
ဖရဲသီးချစ်သူတွေအတွက်ဝိတ်ချနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖရဲသီးချစ်သူတွေအတွက်ဝိတ်ချနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖရဲသီးချစ်သူတွေအတွက်ဝိတ်ချနည်း

ကိုယ်အလေးချိန်ကျချင်တဲ့သူတွေက နည်းမျိုးစုံသုံးပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်ကြပါတယ်။ တချို့ကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးတွေနဲ့ ကိုယ်အလေးချိန်ကျချင်ကြပါတယ်။ ရေဓာတ်ပြည့်ဝတဲ့ ဖရဲသီးကို ကြိုက်နှစ်သက်ကြတဲ့သူတွေက ဖရဲသီးနဲ့ဝိတ်ချချင်နေကြပါတယ်။ အခြားဝိတ်ချနည်းတွေလိုပဲ ဖရဲသီးကလည်း ဝိတ်ကျစေနိုင်ပါတယ်။ ဖရဲသီးနှင့်ဝိတ်ချတာက ဘယ်လိုကျန်းမာရေးကောင်းစေလဲဆိုတာကို အောက်မှာ အသေးစိတ်ဖော်ပြပေးလိုက်ရပါတယ်။

ဖရဲသီးနှင့်ဝိတ်ချတယ်ဆိုတာဘာလဲ

ဒီဝိတ်ချနည်းအမျိုးအစားက ဝိတ်ကျချင်တဲ့သူတွေအတွက် အကြံပြုထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း သန့်ရှင်းဖို့အတွက် ဒီdietကိုအသုံးပြုကြပါတယ်။ ဝိတ်ကျဖို့အတွက် ဖရဲသီးကိုများများစားရမှာ ဖြစ်တဲ့အတွက် စားရမယ့် ပမာဏနဲ့ပတ်သတ်ပြီး ဂရုစိုက်ဖို့လိုတယ်ဆိုတာကို မှတ်သားထားသင့်ပါတယ်။

ဝိတ်ချနည်းအစီအစဉ်

ဒီဝိတ်ချနည်းအစီအစဉ်က နှစ်ရှည်အစီအစဉ်၊ ရက်တိုအစီစဉ်ဆိုပြီးနှစ်မျိုးရှိပါတယ်။
နှစ်ရှည်အစီအစဉ်မှာ အဆင့်နှစ်ဆင့်ရှိပါတယ်။ ဒါကကယ်လိုရီတွေ နည်းသွားစေဖို့ဖြစ်ပါတယ်။ ပထမအဆင့်မှာ ဖရဲသီးကို သုံးရက်သာ စားပေးရမှာဖြစ်ပါတယ်။ သင်က ကျန်းမာရေးကောင်းတဲ့သူဆိုရင် အခြားကျန်းမာရေးပြဿနာတွေ ခံစားရမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခြားသူတွေအတွက်တော့ ကျန်းမာရေးပြဿနာ ပေါ်လာကောင်းပေါ်လာနိုင်ပါတယ်။

သင် ကျန်းမာရေးအခြေအနေ ကြုံတွေ့ဖူးရင်တော့ ဆက်မလုပ်ပဲဆရာဝန်ဆီ သွားပြကြည့်ပါ။ ဒုတိယအဆင့်က ၆ရက်ကနေ ၁၀ရက်အထိရောက်သွားနိုင်ပြီး အခြားအစားအစာအနည်းငယ်တော့ စားပေးရပါမယ်။ ဒါပေမဲ့ညစာအတွက် ဖရဲသီးကိုပိုပြီးစားရပါမယ်။ ဒါက ဘယ်လိုလဲဆိုတော့ ၁ရက်ကနေ ၃ရက်အထိ ဖရဲသီးကိုသာစားပါ။

နောက်၆ရက်ကနေ ၁၀ရက်ထိ ဂျုံမုန့်တစ်ပန်းကန် (ဒါမှမဟုတ်) ချိစ်ပြားကိုစားနိုင်ပါတယ်။ သင်ရဲ့သွားရည်စာအဖြစ် ဖရဲသီးကို၂-၃စိပ်စားပါ။ နေ့လည်စာအတွက် အသုပ်၊ကြက်သားပြုတ် (ဒါမှမဟုတ်) ငါးတို့ကိုစားလို့ရပါတယ်။ ညစာအတွက် ဖရဲသီးကိုစားပါ။

ရက်တိုအစီအစဉ်အတွက်

သင်က ၅ရက်သာကြာတဲ့ရက်တို အစီအစဉ်ကိုလုပ်မယ်ဆိုရင် ပေါင်မုန့်မီးကင်နဲ့ ဖရဲသီးကိုမနက်စာ အဖြစ်စားလို့ရပါတယ်။ အဲဒါပြီးရင် လက်ဖက်စိမ်း (ဒါမှမဟုတ်) blackကော်ဖီကိုသောက်ပါ။ နေ့လည်စာအတွက် ကြက်သားပြုတ်ကိုစားလို့ရပါတယ်။ ပေါင်မုန့်တစ်ခုနဲ့ ဖရဲသီးကိုထပ်စားလို့ရပါတယ်။ ညစာအတွက် ဖရဲသီးနှစ်စိပ်၊၁၀၀ဂရမ်ရှိတဲ့အသီးအရွက်ထမင်းကြော် (ဒါမှမဟုတ်) ငါး၁၀၀ဂရမ်ကိုစားပါ။ ငါးရက်အစီအစဉ်ကို အများဆုံးထောက်ခံပေးကြပါတယ်။

အရေးကြီးတဲ့အာဟာရရှိတဲ့အစာအစားအပြင် ဒီdietက ဝိတ်ကို မြန်မြန်ကျစေပါတယ်။ ဖရဲသီးက ရေ ၉၂ ရာခိုင်နှုန်း၊သကြား ၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ်၂ ဂရမ်ပါဝင်ပါတယ်။ သင်ဖရဲသီးကိုစားတဲ့အတွက် ရေပါဝင်မှုက သင့်ရဲ့စားချင်စိတ်ကို ဟန့်တားစေပါတယ်။ ဖရဲသီးရဲ့အမျှင်ဓာတ်ပါဝင်မှုက သင်ကိုအချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။

ဘယ်သူတွေ ဒီဝိတ်ချနည်းကိုရှောင်ကျဉ်ရမလဲ

ဝိတ်တတ်လာနိုင်တဲ့အတွက် ဒီdietကို အလွန်အကျွံလုပ်ခြင်းမှာရှောင်ကျဉ်ပါ။ ကိုယ်ဝန်ရှိတဲ့သူတွေ ဒီdietကိုမလုပ်ရပါဘူး။ အသည်းရောဂါရှိသူတွေ၊ကလေးတွေရှောင်ကျဉ်ရပါမယ်။ မှတ်သားထားရမှာက ဒီdietပြီးသွားတဲ့အခါ အရင်သင်စားနေကျအတိုင်းပြန်စားမှာဖြစ်တဲ့အတွက် ဝိတ်တတ်လာနိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။