၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ဆယ်ကျော်သက်

International News
၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ဆယ်ကျော်သက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ဆယ်ကျော်သက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ဆယ်ကျော်သက်

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ဘယ်သူမှ မချိုးနိုင်ခဲ့တဲ့ ၁၀ နှစ်တာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးပစ်နိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံ၊ ယွီယောင်မြို့က အသက် ၁၆ နှစ်အရွယ် ကျိုးချီဆိုတဲ့ ကောင်လေးပါ။ သူဟာ ဂျူနီယာအထက်တန်းကျောင်းပြီးထားရုံတင်ရှိပါသေးတယ်။ ကျိုးချီက ၁ မိနစ်အတွင်း အကြိမ်ရေအများဆုံး ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ သူက ၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့တာပါ။

၂၀၁၃ ခုနှစ်က ၃၄၈ ခါ ကြိုးခုန်ခဲ့တဲ့ ဂျပန်နိုင်ငံသား ဒါအီဆုခီ မီမူရာရဲ့စံချိန်ကို ကျိုးချီက ချိုးနိုင်ခဲ့တာပါ။ ကျိုးချီက ဒီစံချိန်ကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ သူ့သူငယ်ချင်းတွေက ကူညီပေးခဲ့ကြတာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို ပထမဆုံးလျှောက်လွှာတင်စဉ်ကတော့ လမ်းညွှန်ချက်တွေကို အပြည့်အဝမလိုက်နာခဲ့တာကြောင့် အကျုံးမဝင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက သူ့ရဲ့အိပ်မက်ကို ထပ်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။

မှတ်တမ်းစီမံခန့်ခွဲတဲ့အဖွဲ့နဲ့ အွန်လိုင်းကနေ ဆက်သွယ်ပြီးနောက် ဒုတိယအကြိမ်ကြိုးစားပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ ၁ မိနစ်အတွင်း အကြိမ်ရေ ၃၉၈ ခါအထိ ခုန်နိုင်ပါတယ်။ အဲဒါကိုတော့ ၂၀၂၂ ခုနှစ် Rope Skipping Championship ပြိုင်ပွဲမှာ လုပ်ဆောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို စိန်ခေါ်ချင်ခဲ့တာပါ။ အလယ်တန်းကျောင်းက တင်းကြပ်တာကြောင့် တစ်နှစ်အကြာမှ လုပ်နိုင်ခဲ့ပါတယ်။

ကျိုးချီက ကျောင်းကြိုးခုန်အဖွဲ့ဝင်ဖြစ်ခဲ့တာ ခုနှစ်နှစ်ကြာပါပြီ။ ပြည်နယ်နဲ့နိုင်ငံအလိုက် ပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မူလတန်းမှာ သူက တစ်နေ့ကို ၂ ကြိမ် ကြိုးခုန်လေ့ကျင့်ပြီး မကြာခင်မှာ ကြိုးခုန်ပြိုင်ပွဲတွေ ဝင်ရောက်ခဲ့ပါတယ်။ ဂျူနီယာအထက်တန်းကျောင်းမှာ သူက တစ်ပတ်ကို ၂ ကြိမ် လေ့ကျင့်ဖြစ်နေတုန်းပါပဲ။ ကျိုးချီက သူ့ရဲ့မိဘတွေ၊ နည်းပြနဲ့ သူ့သူငယ်ချင်းတွေဆီက တိုက်တွန်းအားပေးမှုတွေကို အမြဲရရှိပါတယ်။

သူ အသက်ကြီးလာတဲ့အခါ နည်းပြတစ်ဦးဖြစ်ချင်နေပြီး သူ့ရဲ့အသိပညာတွေကို မျိုးဆက်သစ်တွေဆီ ဖြန့်ဝေပေးချင်နေတာပါ။ သူက ဒီမှာတင်ရပ်မနေဘဲ သူ့ရဲ့ဒီစံချိန်ကို ထပ်ပြီးချိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။