Captain America လက်ထပ်လိုက်ပြီ

Celebrity International News
Captain America လက်ထပ်လိုက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Captain America လက်ထပ်လိုက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Captain America လက်ထပ်လိုက်ပြီ

Captain America အဖြစ် လူသိများတဲ့ အသက် ၄၂ နှစ်အရွယ် မင်းသား ခရစ်အီဗန်က အသက် ၂၆ နှစ်အရွယ် သူ့ချစ်သူကောင်မလေး မင်းသမီးအယ်လ်ဘာ ဘာတီစတာနဲ့ စက်တင်ဘာ ၉ ရက်နေ့က သူတို့ရဲ့နေအိမ်မှာ လက်ထပ်လိုက်ပါပြီ။

လက်ထပ်ပွဲကို သူတို့ရဲ့အရင်းနှီးဆုံးမိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုပဲ ဖိတ်ကြားခဲ့တာပါ။ ခရစ်ရဲ့Avengers တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ၊ ခရစ်ဟမ်းစ်ဝါ့သ်၊ ဂျရမီရန်နာတို့လည်း တက်ရောက်ခဲ့ပါတယ်။ ဘယ်မီဒီယာကိုမှ မဖိတ်ဘဲ သိုသိုသိပ်သိပ်ကျင်းပခဲ့တာပါ။ တက်ရောက်လာတဲ့ဧည့်သည်တွေကိုလည်း ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီး အပြင်မပေါက်ကြားစေဖို့ သဘောတူညီချက်ယူခဲ့ပါတယ်။ သူတို့ရဲ့ဖုန်းတွေကိုလည်း သိမ်းဆည်းထားခဲ့ပါတယ်။

ခရစ်နဲ့အယ်လ်ဘာတို့က သူတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါပဲ။ ခရစ်နဲ့အယ်လ်ဘာတို့က ၁ နှစ်ကျော်ကြာ ချစ်သူတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။