နောက် ၁၈ လအတွင်း AI Chatbot တွေက ကလေးတွေကို စာရေးစာဖတ်တတ်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ဘီလ်ကိတ်

International News Tech
နောက် ၁၈ လအတွင်း AI Chatbot တွေက ကလေးတွေကို စာရေးစာဖတ်တတ်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ဘီလ်ကိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နောက် ၁၈ လအတွင်း AI Chatbot တွေက ကလေးတွေကို စာရေးစာဖတ်တတ်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ဘီလ်ကိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နောက် ၁၈ လအတွင်း AI Chatbot တွေက ကလေးတွေကို စာရေးစာဖတ်တတ်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ဘီလ်ကိတ်

“AI Chatbot က လူတွေလုပ်နိုင်သလိုမျိုး ကျူတာကောင်းတစ်ယောက်အဖြစ် လုပ်နိုင်စွမ်းရှိမှာပါ”လို့ ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင် Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ကိတ်က ASU+GSV Summit မှာ ပြောသွားခဲ့ပါတယ်။

ဘီလ်ကိတ်က AI Chatbot တွေကို မယုံနိုင်လောက်အောင် စိတ်ဝင်စားနေပြီး AI ဟာ အရင်က မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကျောင်းသား/သူတွေကို စာရေးစာဖတ်နိုင်စွမ်းရှိအောင် မကြာခင် ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ “ယနေ့ခေတ် Chatbot တွေက စာရေးစာဖတ်တဲ့နေရာမှာ မယုံနိုင်လောက်အောင် ကျွမ်းကျင်ပါတယ်။ အစမှာတော့ သူတို့တွေ စာရေးစာဖတ်တတ်အောင် ဘယ်လိုကူညီသွားမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တအံ့တဩဖြစ်ကြရမှာပါ”လို့ ဘီလ်ကိတ်က ပြောပါတယ်။

စာရေးတတ်ဖို့ သင်ကြားတာက ကွန်ပျူတာတစ်လုံးအတွက် ခက်ခဲတဲ့အလုပ်ဆိုတာ သက်သေပြထားပြီးကြောင်း၊ ဒါပေမဲ့ အခုဆိုရင် AI Chatbot က လူသားလို ဘာသာစကားပြောင်းလဲမှုကို မှတ်သားပြီး ပြန်လည်ဖန်တီးနိုင်စွမ်းရှိကြောင်း ပြောပါတယ်။

နောက် ၁၈ လအတွင်းမှာ Al တွေက ဆရာ/ဆရာမတွေရဲ့လက်ထောက်တွေအနေနဲ့ ရောက်ရှိလာမှာဖြစ်ပြီး စာရေးတာနဲ့ပတ်သက်ပြီး အကြံပြုချက်ပေးသွားမှာဖြစ်တယ်။ AI Chatbot တွေကို ပိုမိုဈေးသက်သာပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။