ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် အရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတို thay nat၊ လက်ပစ်ဗုံး၊ ကားတစ်စီး နှင့်အတူ ဖမ်းဆီးရမိ

Local News

ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် အရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတို thay nat၊ လက်ပစ်ဗုံး၊ ကားတစ်စီး နှင့်အတူ ဖမ်းဆီးရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် အရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတို thay nat၊ လက်ပစ်ဗုံး၊ ကားတစ်စီး နှင့်အတူ ဖမ်းဆီးရမိ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် အရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ Justice Soldier- PDF ၊Lion အပါအဝင် ပူးပေါင်း စစ်ကြောင်းများက ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ အဖွဲ့များက သတင်းထုတ်ပြန်ထား သ ည်။

Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းနှင့် KTL Army၊ Justice Soldier-PDF ၊ Eagle Brigade အပါအဝင် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများက စစ်ရေး လှုပ်ရှားနေသည့်နယ်မြေအတွင်းသို့ ကယ်ရီသမား အသွင်ယူထားသည့် စစ်ကောင်စီထောက်လှမ်းရေးမှုးတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း၊

သက်သေခံ ဆက်စပ်ပစ္စည်း များနှင့် ဖမ်းဆီးရမိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏အမည်မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇ တွင် အရာခံဗိုလ်ရာထူးဖြင့်နောက် ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

တပ်သတင်းရင်းမြစ်ကမူ စိုးမြင့်သည် စစ်တပ်နှင့်BGF အတွက် အလုပ်လုပ် နေသူဖြစ်ပြီး သားဖြစ်သူသည် စသုံးလုံး အရာရှိ စိုးသီဟဇော်ဖြစ်ကြောင်း၊ သမီးဖြစ်သူမှာမူ စစ်ဗိုလ်အရာရှိကတော် ကျောင်းဆရာမဖြစ်သည်ဟု ပြောဆိုသည်။

“စစ်မှုထမ်းဟောင်း စိုးမြင့်က လမ်းပိတ်ထားတာကို BGF က စိန်ဝင်းနဲ့ပိုင်တယ်ဆိုပြီး သူ့သဘောနဲ့ဆင်းလာတာ။ သားက စသုံးလုံး ဒုစုံစမ်းရေးမှူး စိုးသီဟဇော်၊ ကော့ကရိတ် စသုံးလုံးမှာတာဝန်ကျနေတယ်၊ သမီးက အရာရှိကတော်ကျောင်းဆရာမ။ BGF နဲ့ တပ်ကို ဒလန်လုပ်ပေးနေတာ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်းမိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။