ကမ္ဘာတစ်လွှား မိုးမျှော်တိုက်တွေကို တက်ခဲ့သူ ၆၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျthayဆုံး

International News
ကမ္ဘာတစ်လွှား မိုးမျှော်တိုက်တွေကို တက်ခဲ့သူ ၆၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာတစ်လွှား မိုးမျှော်တိုက်တွေကို တက်ခဲ့သူ ၆၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှား မိုးမျှော်တိုက်တွေကို တက်ခဲ့သူ ၆၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျthayဆုံး

ကမ္ဘာတစ်လွှားက မိုးမျှော်အဆောက်အအုံတွေကို တက်ရောက်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံသား ရီမီလူစီဒီဟာ ဟောင်ကောင်မြို့က ၆၈ ထပ်တိုက်ပေါ်က ပြုတ်ကျလို့ thayဆုံးခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ရီမီအန်နစ်ဂမာလို့ လူသိများတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ဇူလိုင်လ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၆ နာရီအချိန်က ဟောင်ကောင်မြို့မှာရှိတဲ့ ထရီဂန်တာ တာဝါကို ရောက်လာခဲ့ပြီး အထပ် ၄၀ နေတဲ့ သူငယ်ချင်းဆီ လာတွေ့တာလို့ လုံခြုံရေးကို ပြောခဲ့ပါတယ်။

လုံခြုံရေးက အဲဒီသူထံ ဖုန်းဆက်ကြည့်ချိန်မှာ ရီမီကို သူ မသိဘူးလို့ ပြန်ပြောတာကြောင့် လုံခြုံရေးက ရီမီကို ဖမ်းဖို့ ပြင်ခဲ့ပေမဲ့ သူက ဓာတ်လှေကားထဲ ပြေးဝင်သွားခဲ့တာပါ။ လုံခြုံရေး ရုပ်သံမှတ်တမ်းတွေအရ လူစီဒီဟာ ၄၉ လွှာကို ရောက်ပြီးနောက် လှေကားကတစ်ဆင့် အဆောက်အအုံထိပ်ကို တက်ခဲ့တာပါ။

ရီမီက အခန်းပြတင်းပေါက်တစ်ခုကို ခေါက်နေတယ်လို့ အဲဒီအဆောက်အအုံမှာ နေထိုင်သူတစ်ဦးက ဆိုခဲ့ပြီး ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ အိမ်အကူတစ်ဦးက ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။ ရဲတွေ ရောက်မလာခင်မှာပဲ ရီမီ ပြုတ်ကျသွားခဲ့ပြီး ပွဲချင်းပြီး thayဆုံးခဲ့တာပါ။ သူ့ရဲ့ ကင်မရာကိုလည်း အခင်းဖြစ်ပွားရာ နေရာမှာ တွေ့ရပါတယ်။

ရီမီဟာ အဆောက်အအုံ အပြင်ဘက်လှေကားမှာ ပိတ်မိနေလို့ အကူအညီတောင်းဖို့အတွက် ပြတင်းပေါက်တံခါးခေါက်ခဲ့တာဖြစ်မယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။ ရီမီဟာ ဇူလိုင်လ ၃၀ ရက်မှာ သူ တည်းခိုတဲ့ တိုင်ရှာတုဧည့်ရိပ်သာကနေ ထွက်ခွာပြီး တောင်သွားတက်ဖို့ စီစဉ်ထားတာလို့ ဧည့်ရိပ်သာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ ရီမီရဲ့ ပရိသတ်တွေက သူ ကွယ်လွန်မှုကြောင့် ဝမ်းနည်းခြင်းစကားတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။