ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ

International News Sports
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ပြိုင်ဖို့ စရိတ်စက မလောက်ငှခဲ့တဲ့ ဂျမေကာ အမျိုးသမီးအသင်းဟာ ပြင်သစ်နဲ့ ဘရာဇီးကို သရေ ကစား၊ ပနားမားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်လှမ်းသွားခဲ့ပါပြီ။ ဂျမေကာ ဘောလုံးအဖွဲ့ချုပ်က ဂျမေကာ အမျိုးသမီးအသင်းအတွက် ပြိုင်ပွဲဝင်စရိတ် လောက်ငှအောင် မပံ့ပိုးပေးနိုင်ခဲ့လို့ ကစားသမားတွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေက စရိတ်ရအောင် ကူညီပေးခဲ့ရတာပါ။

ဂျမေကာကွင်းလယ်လူ ဆိုလန်ရဲ့မိခင်က Reggae Girlz Rise Up ဆိုတဲ့ ခေါင်းစဉ်နဲ့ GoFundMe ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေရှာခဲ့ပြီး ဒေါ်လာ ၅ သောင်း ရခဲ့ပါတယ်။ တခြားရန်ပုံငွေရှာဖွေသူတစ်ယောက်က ဒေါ်လာ ၄ သောင်းခွဲ ထပ်ရခဲ့လို့ ဂျမေကာအသင်း ပြိုင်ပွဲကျင်းပရာ သြစတြေးလျနိုင်ငံကို လာနိုင်ခဲ့တာပါ။

အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီး ဂိုးမရှိ သရေကစားကာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီး ပွဲအပြီး အသင်း ကစားသမားတွေ အောင်ပွဲခံပုံကို ကြည့်ရင် သူတို့ရဲ့ ဝမ်းသာမှု အတိုင်းအတာကို မြင်ရနိုင်ပါတယ်။ အခက်အခဲတွေကို ကျော်လွှားပြီး ရရှိလာတဲ့ အောင်မြင်မှုက ပိုချိုမြိန်တယ်လို့ ဆိုရမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။