လည်ပင်းနဲ့ မျက်နှာကအဆီပိုတွေ လျော့ပေးနိုင်တဲ့ နည်းလမ်းတချို့

Health Knowledge
လည်ပင်းနဲ့ မျက်နှာကအဆီပိုတွေ လျော့ပေးနိုင်တဲ့ နည်းလမ်းတချို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လည်ပင်းနဲ့ မျက်နှာကအဆီပိုတွေ လျော့ပေးနိုင်တဲ့ နည်းလမ်းတချို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လည်ပင်းနဲ့ မျက်နှာကအဆီပိုတွေ လျော့ပေးနိုင်တဲ့ နည်းလမ်းတချို့

ကိုယ်အလေးချိန်တက်လာရင် အရင်ဆုံးမျက်နှာမှာ ပြပါတယ်။ လည်ပင်းနဲ့ မျက်နှာက အဆီပိုတွေက အလေးချိန်တက်လာလို့ဖြစ်လာရတာဖြစ်ပါတယ်။ အခုလိုအချိန်အခါမှာ အိမ်မှာအနေများပြီး ကိုယ်အလေးချိန်တွေ တက်လာတော့မှာဆိုတော့ မျက်နှာနဲ့ လည်ပင်းတွေမှာ အဆီပိုတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အိပ်စက်မှုအနေအထားမမှန်တာကြောင့်လည်း ဖြစ်လာတတ်ပါတယ်။ အဲဒီလိုအဆီပိုတွေကို ဖယ်ရှားခြင်းရင်တော့အခုမျှဝေပေးလိုက်တဲ့ နည်းလမ်းတချို့ကို လိုက်နာကြည့်လိုက်ပါနော်။ အားလပ်နေတဲ့အချိန်မှာ အဲဒီနည်းလမ်းတွေကို လုပ်ကြည့်လို့ရတာပေါ့။

ထိုင်တဲ့အခါ ခန္ဓာကိုယ်အနေအထားမှန်ပါစေ

ခန္ဓာကိုယ်အနေအထားမမှန်တာက သင့်ခါးနဲ့ ကျောရိုးကို ထိခိုက်စေရုံသာမက မျက်နှာကိုလည်း သက်ရောက်မှုရှိပါတယ်။ ထိုင်တဲ့အခါ ခေါင်းက အရမ်း အောက်ငုပ်နေရင် မေးစေ့နှစ်ထပ်ဖြစ်လာနိုင်စေပါတယ်။ လည်ပင်းနဲ့မျက်နှာက ကြွက်သားတွေ အားနည်းပြီး ရလဒ်အနေနဲ့ အဲဒီနေရာကအရေပြားတွေက လျော့တွဲလာမှာပါ။ ဒါကြောင့် ထိုင်တဲ့အခါ ခေါင်းကို ငုပ်မထားဘဲ ခါးကို မတ်မတ်ထားပါ။

အိပ်ရေဝဝအိပ်စက်ပြီး အိပ်စက်တဲ့အနေအထားမှန်ပါစေ

အိပ်စက်ချိန်နဲ့ ကိုယ်အလေးချိန်တက်တာကျတာတို့ ဆက်စပ်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ အိပ်စက်မှုနည်းတာက ဇီဝဖြစ်စဉ်အားနည်းစေတယ်လို့လည်းဆိုထားပါတယ်။ အရေးကြီးဆိုကတော့ ခေါင်းအုံးနဲ့ မျက်နှာ ထိပြီး ဘေးတစ်စောင်းအိပ်စက်ခြင်းကို ရှောင်ကျဉ်ဖို့ပါပဲ။ ပလက်လန်အိပ်တာက မျက်နှာဖောင်းတာတွေ ဖယ်ရှားပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

မျက်နှာနဲ့ လည်ပင်းကြွက်သားတွေ သန်မာဖို့ ပီကေဝါးပေးပါ

ပီကေဝါးတာက မျက်နှာရဲ့ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။ အဲဒါထက်ပိုတာက အစာ စားပြီးတိုင်း ပီကေဝါးတဲ့သူတွေက ဗိုက်ပြည့်အင်သလို ခံစားရပြီး အဲဒီနောက်မှာသွားရည်စာမုန့်ကို နည်းနည်းပဲ စားသုံးကြပါတယ်။ ဒါကြောင့် မျက်နှာကအဆီတွေက လျော့ကျသွားတယ်လို့ လေ့လာချက်ကဆိုပါတယ်။ သကြားမပါတဲ့ပီကေကို ရွေးချယ်စားသုံးပါ။ ဒါမှ ကယ်လိုရီဓာတ်တွေတိုးမလာမှာဖြစ်သလို သွားသန့်ရှင်းရေးအတွက်လည်း ထိန်းပေးရာရောက်ပါတယ်။

အခွင့်အရေးရတိုင်း ပူစီဖောင်းမှုတ်ပေးပါ

ပူစီဖောင်းတွေက ပါတီတွေအတွက် အကောင်းဆုံးအလှဆင်ပစ္စည်းဖြစ်သလို မျက်နှာလေ့ကျင့်ခန်းအတွက် အလွယ်ကူဆုံးနည်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ မျက်နှာကအဆီတွေ လျော့စေတဲ့ အလွယ်ဆုံးနည်းဖြစ်တဲ့ ပူစီဖောင်းမှုတ်တာက ပါးဖောင်းတာနဲ့ မေးစေ့နှစ်ထပ်ဖြစ်တာတွေနှစ်ခုလုံးကို လျော့ချပေးဖို့ အကူအညီဖြစ်ပါတယ်။ တစ်ပတ်ကို အကြိမ်အနည်းငယ် ပူစီဖောင်းမှုတ်ပေးပါတယ်။ ရလဒ်ကောင်းကို တွေ့ရပါလိမ့်မယ်။

အားရပါးရပြုံးပါ

ပြုံးတာကလည်း မျက်နှာလေ့ကျင့်ခန်းဖြစ်တဲ့အတွက် အသားရေကို ကျစ်လစ်လာစေပြီး မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။ သင့်နှုတ်ခမ်းတွေ ပွင့်လာတဲ့အထိ ပြုံးကြည့်ပြီး (၁၀) စက္ကန့်လောက် ပြုံးလျက်နေပါ။ အဲဒါကို (၁၀) ကြိမ်လောက်ပြုလုပ်ပေးပါ။ ဒါက မျက်နှာက အဆီအပိုတွေကို လျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။