ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု

Funny International News
ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု

တရုတ်နိုင်ငံ၊ ဟန်ကျုံးတိရစ္ဆာန်ရုံက ဝက်ဝံတစ်ကောင်ကို ရိုက်ထားတဲ့ ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ယက်ပေါ်မှာ အဲဒီတိရစ္ဆာန်ရုံနဲ့ပတ်သက်ပြီး ကောလဟာလတွေ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဝက်ဝံတစ်ကောင်က လူတစ်ယောက်လို ခြေထောက်အရှည်ကြီးဆန့်ပြီး မတ်တပ်ရပ်နေတာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အဲဒီဝက်ဝံဟာ အစစ်မဟုတ်ဘဲ လူတွေက ဝက်ဝံဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်ဆိုတဲ့ ကောလဟာလထွက်ရှိလာခဲ့တာပါ။

အဲဒီဝက်ဝံပုံတွေ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက တိရစ္ဆာန်ရုံရဲ့ဝက်ဝံတွေက အစစ်ဟုတ်မဟုတ်မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီသံသယတွေကို ဟန်ကျုံးတိရစ္ဆာန်ရုံက အင်တာနက်အသုံးပြုသူတွေ အထင်မှားတဲ့ အနက်ရောင်ဝက်ဝံဟာ တကယ်တော့ အရှေ့တောင်အာရှမှာတွေ့ရတဲ့ အသေးငယ်ဆုံးဝက်ဝံမျိုးစိတ်ဖြစ်တဲ့ မလေးဝက်ဝံ (သို့) ပသျူးဝက်ဝံ (Malayan Sun Bear) ဖြစ်တယ်လို့ ဖြေရှင်းကာ ငြင်းဆိုခဲ့ပါတယ်။ တိရစ္ဆာန်ရုံက ဖုန်းဖြေကြားတဲ့ ဝန်ထမ်းတစ်ဦးက ဝက်ဝံအကြောင်း မေးမြန်းတာကို ငြင်းဆိုခဲ့ပေမဲ့ သတင်းထောက်တွေကို တနင်္လာနေ့က အလည်လာဖို့ စီစဉ်ပေးခဲ့ပါတယ်။

ပသျူးဝက်ဝံတွေက ခွေးကြီးတွေရဲ့အရွယ်အစားဖြစ်ပြီး အခြားမျိုးစိတ်တွေနဲ့ယှဉ်ရင် သူတို့ရဲ့နောက်ခြေထောက်တွေကို ၁.၃ မီတာအထိ အမြင့်ဆုံးရပ်နိုင်ပါတယ်လို့ တိရစ္ဆာန်ရုံက ဆိုထားပါတယ်။ အခြားတရုတ်တိရစ္ဆာန်ရုံတွေကလည်း အခုလိုမျိုးကောလဟာလထွက်ရှိခဲ့ဖူးပါတယ်။ ခွေးတစ်ကောင်ကို အာဖရိကခြင်္သေ့အဖြစ် အယောင်ဆောင်ဖို့ ကြိုးစားတယ်၊ မြည်းတွေကို မြင်းကျားနဲ့တူဖို့ ဆေးခြယ်ထားတယ်ဆိုတဲ့ ကောလဟာလတွေပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။