၂၀၂၃ဓာတ်ရှင်လေးပါး ပူဇော်နည်း အဓိဋ္ဌာန်ကြီး

Astrology Religion
၂၀၂၃ဓာတ်ရှင်လေးပါး ပူဇော်နည်း အဓိဋ္ဌာန်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ဓာတ်ရှင်လေးပါး ပူဇော်နည်း အဓိဋ္ဌာန်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ဓာတ်ရှင်လေးပါး ပူဇော်နည်း အဓိဋ္ဌာန်ကြီး

ဝါတွင်းကာလဓာတ်ရှင်လေးပါးပူဇော်၍…ကြီးပွားချမ်းသာစေသောနည်းသင်္ခေပ…
(က)စတင်ပူဇော်ရမည့်နေ့
ဝါဆိုလပြည့်နေ့
(၁.၈.၂၀၂၃)

(ခ)နောက်ဆုံးပူဇော်ရမည့်နေ့
သီတင်းကျွတ်လပြည့်နေ့
( ၂၉.၁၀.၂၀၂၃)

(ဂ)ပူဇော်ရမည့်အချိန်နာရီ
နံနက် ၅နာရီခန့်အာရုဏ်ဆွမ်း

အတိအကျ ပြုလုပ်လိုပါမူ အောက်ပါနာရီ အတိုင်းပြုလုပ်ပါလေ။

ဝါဆိုလအတွင်း နံနက် ၅နာရီ၃၀မိနစ်
ဝါခေါင်လ နံနက် ၅နာရီ၄၀မိနစ်
တော်သလင်းလ နံနက် ၅နာရီ၅၀မိနစ်
သီတင်းကျွတ်လ နံနက် ၆နာရီ တွင်ပူဇော်ပါ။

(ဃ)ပူဇော်ရမည့်ပစ္စည်း

နို့ဆွမ်း(၄)ပွဲ
သောက်တော်ရေ(၄)ခွက်
ဖယောင်းတိုင်(၄)တိုင်
ယပ်(၄)လက်
(ယပ်များမှာ ရှင်သက္ကောသာရ.အရှေ့အရပ်အတွက် အဖြူရောင်ယပ်၊ ရှင်မေဓရ. အနောက်အရပ်အတွက် အဝါရောင်ယပ်၊ ရှင်ဥပဂုတ်.တောင်အရပ်အတွက် အစိမ်းရောင်ယပ်၊ ရှင်သာရဒတ္တ မြောက်အရပ်အတွက် အပြာရောင်ယပ်၊

(င)ပူဇော်ပြီး ဆုတောင်းရမည့်ပုံစံ

တပည့်တော်/တပည့်တော်မ( )နေ့သား/ နေ့သမီးသည် သမုဒ္ဒရာလေးစင်းတွင် သီတင်းသုံးနေသော ရဟန္တာအရှင်မြတ်ကြီး လေးပါးအား ဓာတ်ကြီးလေးပါးကို ရည်ရွယ်၍ ပထဝီ ဓာတ်အတွက် နို့ဆွမ်း၊တေဇောဓာတ်အတွက် အလင်းတိုင်၊ဝါယောဓာတ်အတွက် ယပ်တော်၊အာပေါဓာတ်အတွက် သောက်ရေတို့ကို စေတနာညွတ်နူး အထူးကပ်လှူပူဇော်ခဲ့ပါသည် အရှင်ဘုရားတို့…….
.
အရှင်ဘုရားတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော်တို့ကြောင့် လာမည့် သီတင်းကျွတ်လပြည့်နေ့ကို နောက်ဆုံးထား၍ လောကီအကျိုးစီးပွား၊ ချမ်းသာကြွယ်ဝခြင်းကို အမှန်တကယ်လိုချင်ပါသည်ဘုရား၊ ထိုဆုကို ပြည့်လိုကြောင်းပါ ဘုရား…။အိုးအိမ် ယဉ်ရထား၊ အဝတ်တန်ဆာ၊ စိန်ရွှေငွေ ရတနာ တို့သည် တပည့်တော်ထံသို့ ရောက်လာပါစေ သတည်…..။
(ဤအတိုင်း လေးလေးနက်နက် ရွတ်ဆိုပူဇော်ပါ။)

(စ)ပူဇော်ပြီးဆွမ်းတော်စွန့်ရန်

သတင်းစာစက္ကူ အရွယ်စက္ကူကြီးကြီးပေါ်မှာ ကြက်ခြေခတ်၍ ကြီးလေးကြီးရေးပြီး အစဉ် အတိုင်း အရှေ့၊အနောက်၊တောင်၊မြောက် ဆွမ်းတော်ပွဲများကို စက္ကူပေါ်တွင်စွန့်ပါ၊ ယပ်များကို အစဉ်အတိုင်းစိုက်ပါ၊ရေကိုလည်း အစဉ်အတိုင်း မြေကြီးပေါ်တွင်လောင်းပါ၊ ထိုသောက်တော်ရေများမှ ရေအချို့ကို ပုလင်းဖြင့် ယူထားပါ။ ထိုရေဖြင့် မျက်နှာသစ်ခြင်း ခေါင်းကိုဆွတ်ဖြန်းခြင်း၊ သောက်ခြင်းပြုလုပ်ပါ။ အန္ဒရယ်ရှိသူများ အနာရောဂါကျရောက်နေသူများကိုလည်း ထိုရေကို ဆေးအဖြစ်ပေးပါ။

(ဆ)ညပိုင်းတွင်ကြိုတင် ပင့်ဖိတ်လျှောက်ထားရန်……

ညပိုင်းတွင် အောက်ပါအတိုင်း ရွတ်ဆို လျှောက်ထား၍ ရဟန္တာအရှင်မြတ်ကြီးများအားပင့်ပါ။
“အရှေ့သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်သော အရှင်သက္ကောသာရ ရဟန္တာအရှင်မြတ်ကြီးဘုရား….၊ အနောက်သမုဒ္ဒရာ တွင် သီတင်းသုံးနေတော်မူသော ဘုန်းတော်အလွန် ကြီးမြတ်တော်မူသော အရှင်မေဓရ ရဟန္တာအရှင်မြတ်ကြီးဘုရား…..၊

တောင်သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော်အလွန်ကြီး မြတ်တော်မူသော ရှင်ဥပဂုတ် ရဟန္တာအရှင်မြတ်ကြီးဘုရား…..၊
မြောက်သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော်အလွန်ကြီးမြတ်တော် မူသော ရှင်သာရဒတ္တ ရဟန္တာအရှင်မြတ်ကြီးဘုရား….

နက်ဖြန်နံနက် အာရုဏ်တက်တွင် ဇမ္ဗူ ဒီပါ လက်ယာတောင်ကျွန်း၊ မြန်တိုင်းဌာန၊ အထက်အညာ/အောက် အကြေအရပ်တွင်ရှိသော တပည့်တော်/တပည့်တော်မ၏ နေအိမ် ဂေဟာတွင် အရှင်မြတ်ဘုရားတို့အား ဓာတ်လေးပါး ဆွမ်းကပ်လှူမည် ဖြစ်ပါသောကြောင့် နဖူးမြေစိုက်၊ဦးခိုက်၍ ဖိတ်ကြားအပ်ပါသည် အရှင်မြတ်ဘုရားတို့……၊
တပည့်တော်အား အစဉ်သနားသည်ကို အကြောင်းပြု၍ ကြွရောက် ဘုဉ်းပေးတော်မူကြပါ အရှင်မြတ်ဘုရားတို့…..

အထက်ပါအတိုင်း ပင့်လျှောက်သောအခါ ၌ ဆွမ်းကပ်မည့်စားပွဲအလယ် တည့်တည့်၌ ဖယောင်းတိုင်တစ်တိုင် ထွန်း၍ လျှောက်ထားပင့်ဖိတ်ရမည်။
ထိုသို့ပြုလုပ်ပြီးနောက်…….

” နက်ဖြန်နံနက် အာရုဏ်တက်၌ ထူးခြားမွန်မြတ်သော ဓာတ်ကြီးလေးပါး အာရုဏ်ဆွမ်းကို ရဟန္တာအရှင်မြတ်ကြီးလေးပါးအား ကပ်လှူပူဇော်မည်ဖြစ်သောကြောင့် ဘိုးတော်သိကြား၊ သာသနာစောင့်နတ်မင်းကြီးလေးပါး သမ္မာဒေဝနတ်အပေါင်း၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း၊ အိမ်စောင့်နတ်၊တောစောင့်နတ်၊ တောင်စောင့်နတ်၊ လမ်းစောင့်နတ်တို့ သာမက ကမ္ဘာအရပ်ရပ်တွင်ရှိသော သိုက်နန်းရှင်အပေါင်းတို့ အား ကြှနျုပျ၏နအေိမျတှငျ ရဟန္တာကြီးများကို ကြည်ညိုရန် ကြွရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

ရဟန္တာကြီးများ ဆွမ်းဘုဉ်းပေးသည် အထိ ကြည်ညိုပြီး မိမိတို့နေရာဌာန အသီးသီးသို့ ပြန်လည် ကြွမြန်းကြပါကုန်…..၊ ဤအလှူကြီးအား ဝါတွင်း ကာလပတ်လုံး ပြုလုပ်မည်ဖြစ်ပါ၍ ဝါတွင်းကာလပတ်လုံး ဖိတ်ကြားအပ်ပါသည်….ဟု ပုဂ္ဂိုလ်အသီးသီးကို ပင့်ဖိတ်ရပါမည်။

မှတ်ချက်။ ။(င)တွင် ဖော်ပြထားသော ပူဇော်ပြီး ဆုတောင်းရမည့် စာကို ညပိုင်းတွင် ရဟန္တာကြီးများအား ပင့်ဖိတ်ပြီးသောအခါ၌လည်း တစ်ကြိမ်ထပ်၍ ရွတ်ဆိုပါ။
ဤဖော်ပြချက်အတိုင်း တစ်သွေမသိမ်း လှေနံဓားထစ် ပြုလုပ်ပါ။ မုချကြီးပွားချမ်းသာလိမ့်မည်။

(မှတ်ချက်။ ။ရဟန္တာအရှင်မြတ် လေးပါးကို ပူဇော်သည်ဟု ဆိုရာ၌ မြတ်စွာဘုရား မှာမူ အမူးပြုလျှက် ပါရှိပြီးဖြစ်ကြောင်းကို သတိ မူပါလေ။ ထို့ကြောင့် ဆွမ်းကပ်သောအခါ ဘုရားကျောင်းဆောင် တွင်လည်း ထိုဓာတ်ကြီးလေးပါးဆွမ်းကို မြတ်စွာဘုရားအားလှူဒါန်းပူဇော်ထားရပါမည်။ မြတ်စွာဘုရားတွင် ယပ်အနီရောင် လှူဒါန်းထားရပါမည်။)

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။