၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိလာပါမယ်။ သို့သော် ဘဝနေထိုင်မှု ပုံစံကြောင့် အတက်အကျများလည်း ဖြစ်ပေါ်နိုင်သည်ကိုလည်း သတိထားပေး ရပါမယ်။ စိတ်ပ်ုင်းဆိုင်ရာ လွတ်လပ်မှုအတွက် အချိန် အနည်းငယ် ပေးပါ။

ငွေကြေးအားဖြင့် နယ်ပယ်များစွာမှ ဝင်ငွေများ ရရှိနိုင်ပါမယ်။ အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ သို့သော် မိသားစု ကုန်ကျစရိတ်များ တိုးလာခြင်းကြောင့် ငွေစုရန် ခက်ခဲနေတတ်ပါတယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပြဿနာအချို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် မိသားစုအတွင်း အပြုအမူ အချို့ကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်စေနိုင်ပါမယ်။ အခန့်မသင့်ပါက ငြင်းခုံမှုတို့နှင့်သာ အဆုံးသတ် ရနိုင်ခြေ ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် အတက်အကျများ ရှိနေတတ်ပါတယ်။ လေ့ကျင့်ခန်း၊ ‌ယောဂ စသော လှုပ်ရှားမှုများ နေ့စဉ် ပြုလုပ်ပေးပါ။ မိမိ၏ ကျန်းမာရေးအတွက် အလုံအလောက် အနားယူပေးပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အသုံးစရိတ်နှင့် ဝင်ငွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စများကို သတိထားပေးရပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန် အပြင် မိသားစု ဘဝအတွက်အါ အချိန်ပေးပါ။ မိသားစု၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။

မေထုန်ရာသီခွင် – Gemini ( January 15 to January 21 )
===============================================

ယခုအပတ်သည် Gemini ရာသီခွင်များအတွက် ကျန်းမာရေး ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ကျန်းမာရေး တိုးတက်မှုနှင့် အတူ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါမယ်။

ငွေကြေး အခြေအနေသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးခံစားခွင့်များ‌ကြောင့် များပြားသော ငွေပမာဏကို ရရှိတတ်ပါတယ်။ သို့‌သော် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ယုံကြည်မှု အလွဲသုံးစား ခံရနိုင်ခြေ ရှိနေပါတယ်။

Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။မိသားစုဝင်တို့၏ ကြိုးစားအားထုတ်မှုနှင့် အတူ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တက်ကြွမှု ရှိနေပါမယ်။ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာ မလိုအပ်ပေ။ လမ်းလျှောက်ခြင်း စသော လှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေသော အကျင့်ဆိုးများကို ပယ်ဖျောက်ပေးပါ။

ငွေကြေး ကံတရားသည် ကောင်းမွန်နေပါမယ်။ အပြုသဘောဆောင်သော ငွေကြေး အကျိုးသက်ရောက်မှုများ ရှိနေပါမယ်။ အတိတ်ကာလ ဆုံးရှုံးမှုများမှ ရုန်းထွက်ကာ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာပါမယ်။

ဤကာလအတွင်း သတင်းကောင်း အချို့ကြောင့် Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်စရာ အခိုက်အတန့်များကို ယူဆောင်လာပါမယ်။

သိဟ်ရာသီခွင် – Leo ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေး ကျဆင်းမှုနှင့်အတူ ကိုယ်ခံအားနည်းနေနိုင်ပါမယ်။ အထူးသဖြင့် ငွေကြေး ကိစ္စရပ်တို့ကြောင့် စိတ်ဖိစီးမှု တိုးလာနိုင်ပါမယ်။ အစားအစာများကို ဂရုတစိုက် စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ပါမယ်။ ကောင်းမွန်သော အချိတ်အဆက်တို့မှ ငွေကြေး ရရှိတတ်ပါတယ်။ ကြွေးဟောင်း၊ ကြွေးမြီများ ပြန်လည်ရရှိနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစုဘဝတွင် ပုံမှန်ရလဒ်များဖြင့် ဖြတ်သန်းနိုင်ပါမယ်။ ဆွေမျိုးများထံမှ လက်ဆောင်ပစ္စည်း ရရှိတတ်ပါတယ်။ ဒါ့အပြင် မိသားစုအတွင်း ဆက်ဆံရေး ကောင်းမွန်ကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပါမယ်။

ကန်ရာသီခွင် – Virgo ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြောင်းအလဲ အချို့ ကြုံတွေ့ရတတ်ပါတယ်။ အချို့သော ရာသီခွင်များ အနေနဲ့ ခံစားနေရသော ရောဂါ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ ခန္ဓာကိုယ် ကျန်းမာစေရန် အတွက် အာဟာရ ပြည့်ဝသော အစားအသောက်များကို စားသုံးပေးပါ။

ငွေရေးကြေးရေးအရ မလိုလားအပ်သော အသုံးစရိတ်အချို့ ရှိနေနိုင်ပါမယ်။ သို့သော ဝင်ငွေ ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေသောကြောင့် စိုးရိမ်စရာ မလိုအပ်ပေ။

မိသားစုအတွင်း သတင်းကောင်းများကြောင့် ပျော်ရွှင်နေရတတ်ပါတယ်။

တူရာသီခွင် – Libra ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ခံ‌စားနေရသော ရောဂါ ဝေဒနာများမှ သက်သာရာ ရရှိနိုင်ပါမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှုများ ရှိနေပါလိ့မ့်မယ်။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေနိုင်သော်လည်း စွန့်စားမှုများ မပြုလုပ်ရန် အကြံပြုလိုပါတယ်။ လက်ရှိ အနေအထားအတိုင်း ဆက်လက် လျှောက်လှမ်းပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုအမူတို့ကို ဂရုစိုက်ပေး ရပါမယ်။ အကယ်၍ အကြောင်းအရာ တခုခုကို ပြုလုပ်လိုပါက မိသားစုဝင်များနှင့် တိုင်ပင်ပါ။ ပြင်ပလူအချို့ ဝင်ရောက် နှောင့်ယှက်ခြင်းတို့ကြောင့် စိတ်ဖိစီးနေရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမှ ဝေးဝေးနေထိုင်ရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး သုံးစွဲမှုနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။‌ ငွေကြေး ချေးငှားမှုတို့ကို မပြုလုပ်ပါနှင့်။ မဟုတ်ပါက ဘဏ္ဍာရေး အကျပ်အတည်းတို့ကြောင့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအပတ်တွင် အသွားအလာတို့ကြောင့် မိဘများထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံရနိုင်ပါတယ်။ မိမိ၏ စိတ်ခံစားချက်ကို ထိခိုက်စေသည့် အပြင် မိသားစုပတ်ဝန်းကျင်တွင်ပါ အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် မိမိ၏ အပြုအမူနှင့် ပက်သက်၍ ဆင်ခြင်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး အတက်အကျများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် အလုံအလောက် အနားယူပေးပါ။

အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ငွေကြေး ကိစ္စရပ်များကို ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ခရီးသွားလာရသလို ‌မိမိနေအိမ်သို့ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ပါတယ်။

မကာရရာသီခွင် – Capricorn ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် အလုပ် တာဝန်တို့ကြောင့် ပင်ပန်းနွမ်းနယ် နေနိုင်ပါမယ်။ မိမိ၏ ကျန်းမာရေးအတွက် နားချိန် အလုံအလောက် ထားရှိပေးပါ။ မဟုတ်ပါက စိတ်ဖိစီးမှုတို့ကြောင့် ရောဂါ ဝေဒနာများ ဝင်ရောက်လာနိုင်ပါမယ်။

ငွေကြေးအရ ူတင်းကောင်းများ ကြားသိရနိုင်ပါမယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် ငွေကြေး သုံးစွဲမှုကို ကန့်သတ်ထားပေးပါ။

အကယ်၍ Capricorn ရာသီခွင်တို့၏ မိသားစုဝင် တစ်ဦးဦးသည် ကျန်းမာရေး ဝေဒနာ ခံစားနေရပါက သက်သာလာမည့် အနေအထားတွင် ရှိနေပါတယ်။ မှန်ကန်သော ဆေးကုသမှုကို ရယူပေးပါ။ ရက်သတ္တပတ် အကုန်တွင် မိသားစုအတွင်း အပြုသဘောဆောင်သော အပြောင်းအခဲများ ရှိလာပါလိမ့်မယ်။

ကုမ်ရာသီခွင် – Aquarius ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ပုံမှန် ကျန်းမာရေးကို ထိန်းထားနိုင်ပါမယ်။ ရက်သတ္တပတ် နောက်ပိုင်း ကာလတွင် အနည်းငယ် ထိုင်းမှိုင်းနေတတ်ပါတယ် ။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ငွေကြေး အကူအညီများ ရယူရန် ခက်ခဲနေနိုင်ပါမယ်။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက အကြောင်းအရာများကို အသေချာ စုံစမ်းပါ။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အထူးတလည် ပြုလုပ်စရာ မလိုအပ်ပေ။ အပြုသဘောဆောင်သော အငွေ့အသက်တို့ဖြင့် ကျေနပ်အားရမှုများ ရှိနေပါလိမ့်မယ်။

မိန်ရာသီခွင် – Pisces ( January 15 to January 21 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင် တို့သည် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိအောင် ကြိုးစားပေးရပါမယ်။ မိမိကိုယ် မိမိ အကောင်းမြင်စိတ်ဖြင့် ရှေ့ဆက်ပေးပါ။ အဆိုးမြင်မှုကြောင့် တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်ကို သတိထားပေး ရပါမယ်။

ငွေရေးကြေးရေး အရ ပုံမှန်အတိုင်း လည်ပတ်နေပါမယ်။ သို့သော် အိမ်ငှား နေထိုင်ကြသူများ အနေနှင့် ဘဏ္ဍာရေး အကျပ်အတည်း ရှိနေတတ်ပါတယ်။ ပြင်ဆင်စရိတ်များ ရှိနေနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များ၊ အပေါင်းအသင်းတို့ဖြင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။ မိသားစုအတွင်း ‌ကောင်းမွန်သော ရလာဒ်တို့ဖြင့် ဖိစီးမှုများမှ ရုန်းထွတ်နိုင်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။