ရန်သူကင်းစင်လူချစ်ခင်နည်း

Astrology

ရန်သူကင်းစင်လူချစ်ခင်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်သူကင်းစင်လူချစ်ခင်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်သူကင်းစင်လူချစ်ခင်နည်း

ဘယ်သူမဆို လူတကာက ကိုယ့်ကိုဘချစ်ခင်တာပဲ နှစ်ခြိုက်ကြပါတယ် ။
ဘယ်သူမျှ လူမုန်းတာ မခံလိုကြပါဘူး ။
ဒါပေမယ့်လည်း လူ့သဘောသဘာဝအရ “ကိုယ့်ထက်သာမနာလို”သူတွေကလည်း ရှိတတ်ပြန်ပါတယ် ။

အထူးသဖြင့် လူရယ်လို့ဖြစ်လာရင်”သမုဒ္ဒရာဝမ်းတစ်ထွာ”အတွက် နေ့စဥ်လှုပ်ရှား ရုန်းကန်နေရလေတော့ လူကောင်းနဲ့တွေ့သလို လူမကောင်းနဲ့လည်း ကြုံရတတ်ပြန်ပါတယ် ။ လွဲရှောင်နေလို့မရ ၊မခေါ်မပြောလို့ မဖြစ် ၊ ဒီတော့ “မချစ်သော်လည်း အောင့်ကာနမ်း ၊ မနမ်းသော်လည်း ပင့်သက်ရှူ” နေရတာက နေ့စဥ်လိုလို ဖြစ်နေပါတော့တယ် ။

ကင်းကင်းရှင်းရှင်း နေရအောင်ကလည်း အခုခေတ်ကာလ အလုပ်အများစုက အသင်းအဖွဲ့၊အစုအဝေးတွေနဲ့ လုပ်ကိုင်ရတာ များပြားတာကြောင့် မဖြစ်နိုင်ပြန် ၊ ဒီတော့ ရပြီးသား ၊ တည်မြဲပြီးသား အလုပ်ကလေးကို မပြုတ်စေဖို့ ၊ မထွက်နိုင်လို့မကောင်းတဲ့သူတွေကို ကြိတ်မှိတ်သည်းခံ ပေါင်းသင်းရပြန်ရော ။ ကိုယ်ကမှ မကင်းနိုင်ပဲကိုး ။

ဒီအချက်ကိုသိနေတဲ့ မကောင်းတဲ့သူတွေကလည်း နှိပ်ကွက်အုပ်ချုပ်ကြပြန်တယ် ။ ဒါနဲ့ပဲ ပတ်လည်လိုက်ပြီး လုပ်ငန်းခွင်မှာ လူပင်ပမ်းတာထက် စိတ်ပင်ပမ်းမှုတွေကြောင့် “စိတ်ဖိစီးမှုဝေဒနာ”တွေနဲ့ထပ်မံ ကြုံရပြန်တယ် ။ စိတ်ဖိစီးမှုဟာ ကြာလာရင် ရောဂါအသွင်ကို ကူးပြောင်းသွားတတ်တာမို့ မပေါ့ဆသင့်ပါဘူး ။

ဒါကြောင့်မို့ ဘယ်သူမဆို လူမှုပတ်ဝန်းကျင်မှာ ကိုယ်ကောင်းပါရက်နဲ့ (ဘာသာတရားနဲ့အညီ အတတ်နိုင်ဆုံး နေထိုင်ပါလျက်နဲ့) မကောင်းတဲ့သူတွေနဲ့ မဖြစ်မနေပတ်သက် ဆက်ဆံနေရပါတယ် ၊ ရန်မကြာခဏစတာ ခံနေရပါတယ် ၊ မတရားသဖြင့် အနိုင်ကျင့် ခံနေရပါတယ်ဆိုရင် အခုကျွန်တော်ပြောပြမယ့်နည်းကိုသာ စွဲစွဲမြဲမြဲ လုပ်ပေးလိုက်ပါ ။ရန်သူတွေက အလံဖြူပြလာသလို ၊ မုန်းသူတွေကပြုံးသူ ဖြစ်လာပါလိမ့်မယ် ။
ပထမဆုံး ကြည့်မှန်အသေးကလေး တစ်ချပ်ကိုဝယ်ပါ ။

ပြီးရင် လူသူအနှောက်အယှက်အကင်းနိုင်ဆုံး နေရာတစ်နေရာကို ရွေးချယ်ကာ ကျကျနန ထိုင်ပါ ။

ထိုင်ပြီးရင် စောစောက ဝယ်လာတဲ့မှန်ကို ကြည့်ပါ ။

ကြည့်တဲ့အခါ မှန်ထဲကမျက်လုံးနှစ်လုံးနဲ့အပြင်ဘက်ကမျက်လုံးနှစ်လုံးတစ်ထပ်တည်းဖြစ်အောင်စူးစိုက်ကြည့်ပေးရပါမယ်။ မျက်စိချင်း မလွဲစေရပါ ။ (ဒီနေရာမှာ မျက်လုံးစွေနေတဲ့သူ ၊မျက်စိမမြင်တဲ့သူ ၊ မျက်လုံးတစ်ဖက် ချို့တဲ့သူများအတွက် မဖြစ်နိုင်ပါဘူးလို့ စောဒကတက် ပြောဆိုလာနိုင်ပါတယ် ။ ဒီနည်းဟာ အမြင်အာရုံ ကောင်းသူတွေအတွက် သီးခြားနည်း ဖြစ်တာကို သတိပြုစေလိုပါတယ် ။အမြင်အာရုံ ချို့တဲ့သူတွေအတွက် (မည်သူမဆိုအတွက်) ယတြာကိုတော့ နောင်အလျဥ်းသင့်ရင်ဖော်ပြ ပေးသွားပါမယ် ။)

အဲဒီလိုမျက်စိချင်း မလွဲအောင် ကြည့်နေစဥ်မှာပဲ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော်ကိုးပါးကိုအမှားအယွင်းမရှိ(၂၇)ခေါက်တိတိ ရွတ်ပွါး ပေးရပါမယ် ။ (ဘာသာခြားတွေအနေနဲ့ကတော့ မိမိတို့ဘာသာအလိုက် ကိုးကွယ်ရာမန္တာန် ၊ ဂါထာတစ်မျိုးမျိုးကို ရွတ်ပွါးပေးကြရပါမယ် ။)

အခုလို နေ့စဥ်ဆောင်ရွက် ပြုလုပ်ပေးမယ်ဆိုရင် ကိုယ့်အပေါ် မကောင်းမြင်နေတဲ့သူ ၊ ရန်မရှိ ရန်ရှာနေတဲ့သူတွေဟာ အလိုလို အမြင်မှန်ရလာပြီး ချစ်ခင် လာပါလိမ့်မယ်

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။